Sales Admin- Male/Female (Urgent) 📍 အလုပ်နေရာ – ရွှေဂုံတိုင်၊… — Up Work Myanmar — TG.ME

Sales Admin- Male/Female (Urgent)
📍 အလုပ်နေရာ – ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်

အရောင်းပိုင်းနှင့် ရုံးလုပ်ငန်းများကို စိတ်ဝင်စားပြီး စနစ်တကျလုပ်ကိုင်နိုင်သူများအတွက် Sales Admin ရာထူးမှ လျှောက်ထားနိုင်ပါသည်။

💼 အလုပ်တာဝန်များ

✔️ နေ့စဉ်ရောင်းချထားသော အရောင်းစာရင်းများကို စာရင်းသွင်းခြင်းနှင့် အရောင်းဘောက်ချာများ ဖွင့်ပေးခြင်း။

✔️ နယ်ရုံးခွဲများနှင့် ဆက်သွယ်ချိတ်ဆက်၍ အရောင်းနှင့်သက်ဆိုင်သော ကိစ္စများကို ပူးပေါင်းဆောင်ရွက်ခြင်း။

✔️ လစဉ် အရောင်းဘောက်ချာများနှင့် စာရင်းစာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။ Finance Team နှင့် စာရင်းကိုက်စစ်ဆေးခြင်း။

🎯 လိုအပ်ချက်များ

✔️ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

✔️ အသက် ၂၄ နှစ်မှ ၃၀ နှစ်အတွင်း ဖြစ်ရမည်။

✔️ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်။

✔️ Computer (Excel, Word, Email & Internet) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

✔️ အရောင်းပိုင်းနှင့် ရုံးလုပ်ငန်းများကို စိတ်ဝင်စားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

✔️ ဆက်သွယ်ပြောဆိုမှုကောင်းမွန်ပြီး အဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

🎁 ရရှိမည့်အကျိုးခံစားခွင့်များ

🚌 Ferry Transportation
🏖️ Annual Leave
📅 စနေနေ့ – Half Day
🎉 တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ – ရုံးပိတ်
📩 လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် နောက်ဆုံးပြင်ဆင်ထားသော CV ကို အောက်ပါလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
📧 [email protected]
📱 09-765635475 (Viber)
September 8, 2026 58