မပြောမပြီး မတီးမမြည်...
အသိပေးတင်ပြစရာရှိလို့ တင်ပြရပါသည်ခင်ဗျာ...
ကြိုတင်မေတ္တာရပ်ခံထားပါရစေ...ခဏခဏ ပြောနေတဲ့စကားလေးပါ။
အန်ကယ်ကြီးသည် ဗော်လံတီယာ သတင်းပြန်ကြားသူ
တစ်ယောက်ပါ။ သိရသမျှ တင်ပြပေးရခြင်းဖြစ်လို့ ရိုးရိုးရှင်းရှင်းလေးသာ တွေးပေး မြင်ပေးကြပါ။
ယခင်ကနေ ယခုအထိ ဘားအံမှာ A...B...C ၃ အုပ်စုနဲ့ အလှည့်ကျသွားနေခဲ့ကြတာ အားလုံးအသိပါပဲ။ ယခင်က တစ်အုပ်စုကို ၂၃ မဂ္ဂါဝပ် ခန့် အကြမ်းဖျဥ်း သတ်မှတ်ပြီး ၂ နာရီပေး ၄ နာရီပိတ် စနစ်ကို ကျင့်သုံးခဲ့ပါတယ်။အခြေ
အနေ နဲ့ အချိန်အခါ တခုအထိ အဆင်ပြေခဲ့တယ်လို့ ထင်ပါတယ်။
ယခု ဒီဇင်ဘာလကစလို့ ထုတ်လုပ်မှုတွေနည်းပြီး နိုင်ငံတဝှမ်း ဓာတ်အားပြတ်တောက်မှုက မိတ်ဆွေတို့ ကြုံတွေ့နေရတဲ့အတိုင်းပါပဲ။ ဒီအခြေအနေက မိတ်ဆွေတို့တင်မကပါ။ ကျွန်တော်တို့လည်း အဆင်မပြေကြပါ။ ညစဥ်ညတိုင်း ဓာတ်အားခွဲရုံတွေက တာဝန်ရှိသူတွေ အိပ်ကောင်းခြင်းမအိပ်ရ နာရီစဥ်အလိုက် ဟိုဖီဒါ ပိတ် ဒီဖီဒါ ပေးနဲ့
အလုပ်တွေများတဲ့အပြင် ပေးချိန်နည်းလို့ သုံးစွဲမှု ဝန်အားတွေက ၂ဆနီးပါးတက်...Over Load တွေနဲ့ breaker တွေ ပြုတ်ကျ...လိုင်းအပြစ်တွေဖြစ်ကြနဲ့...နောက်ဆုံး...
အဲ့အခြေအနေတွေကို မတင်ပြချင်တာရော..မတင်ပြရဲတော့တာရောကြောင့် ကျွန်တော် အသာလေးပျောက်ကွယ်ပေးနေရတာ မိတ်ဆွေတို့ သတိထားမိပါလိမ့်မယ်။
အခု မီးပေးပုံစံအသစ် နဲ့ ဖြန့်ဖြူးတော့မယ်လို့ သိရပါတယ်။ အုပ်စု ၃ စု မဟုတ်တော့ပဲ ၆ စု ဖြစ်သွားပါတယ်။ A B C D E F ဖြစ်သွားပါတယ်။ မီးပေးချိန်ကတော့ ၂ နာရီရအောင်ပေးထားပြီး ပြတ်တောက်ချိန်ကတော့ ၁၀ နာရီ ကြာမှာဖြစ်ပါတယ်။ ခွင့်ပြု ၁၀ မဂ္ဂါဝပ်ကိုအခြေခံ၍
ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ ယခင် ၂၀ မဂ္ဂါဝပ် ရနေစဥ်က ၃ အုပ်စုနဲ့သွားပြီး ယခု ၈-၁၀ မဂ္ဂါဝပ် ရလာမှုကြောင့် ၆ အုပ်စုဖြစ်သွားရတာပါ။ အဲ့ဒီတော့ အဆင်ပြေလှတဲ့ပုံစံလို့ မဆိုနိုင်ပေမယ့် ယခုလို ပျက်ချိန်မမှန် ရချိန်မမှန်တာနဲ့စာရင် နည်းနည်းတော့ တော်ဦးမယ်လို့ ထင်ပါတယ်။ ထုံးစံအတိုင်း ဇယားအသစ်လေးတွေကို တင်ပေးလိုက်ပါတယ်ဗျ။ ၁၅.၁.၂၀၂၅ ရက် ၀၀း၀၀ နာရီက စပြီး ဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။
မရှင်းတာရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ...
#ချစ်စွာသောမိတ်ဆွေသားချင်းများ
#ဘယ်လိုပဲဖြစ်ဖြစ်
#ကိုယ်ကျန်းမာစိတ်ချမ်းသာနိုင်ကြပါစေ










