UAT Maths: post #162 — TG.ME

မင်္ဂလာပါရှင် 🙏
30.3.2025 (တနင်္ဂနွေနေ့) တွင် အမျိုးသားကဇာတ်ရုံ၊ မန္တလေး၌ ကျင်းပရန်စီစဉ်ထားသော 𝗨𝗔𝗧 𝟮𝟬𝟮𝟰 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗬𝗲𝗮𝗿 ၏ 𝗢𝗹𝘆𝗺𝗽𝗶𝗮𝗱 𝗘𝘅𝗮𝗺𝘀 ဆုပေးပွဲအခမ်းအနား (𝗨𝗽𝗽𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿) ကို March 28 တွင် ဖြစ်ပွါးခဲ့သော သဘာဝဘေးအန္တရာယ်ငလျင်ကြီးကြောင့်ရွှေ့ဆိုင်းထားခဲ့ရပါသည်။
ထို 𝗨𝗽𝗽𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 ဆုပေးပွဲအခမ်းအနားကို 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟱, 𝟮𝟬𝟮𝟱 ရက်နေ့တွင် ရှေးဟောင်းယဉ်ကျေးမှုမြိုတော် ပုဂံ ၌ပြန်လည်ကျင်းပမည်ဖြစ်ပါသည်။

🟠 𝗩𝗲𝗻𝘂𝗲 = 𝗛𝗲𝗿𝗶𝘁𝗮𝗴𝗲 𝗕𝗮𝗴𝗮𝗻 𝗛𝗼𝘁𝗲𝗹 (𝗔𝗿𝗶 𝗠𝗮𝗱 𝗗𝗮𝗡𝗮 𝗛𝗮𝗹𝗹)
🟠 𝗗𝗮𝘁𝗲 = 𝟱.𝟭𝟬.𝟮𝟬𝟮𝟱 (𝗦𝘂𝗻𝗱𝗮𝘆)
🟠 𝗧𝗶𝗺𝗲 = 𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗳𝗿𝗼𝗺 𝟵:𝟯𝟬 𝗮𝗺

တက်ရောက်ရန်စာရင်းပေးထားသည့် ကျောင်းသားကျောင်းသူများ၏အမည်၊ ခုံနံပါတ်နှင့် အချိန်ကို ထပ်မံကြေငြာပေးပါမည်။
အဆင်မပြေမှုများရှိပါကလည်း နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။

❤️ သားသားမီးမီးတို့ရဲ့ စာမေးပွဲများအပြီး သီတင်းကျွတ်ကျောင်းပိတ်ရက်ကို ပုဂံမှာ ပျော်ပျော်ပါးပါးဘုရားဖူး‌လျှောက်လည်ရင်း၊ ထူးချွန်ဆုတွေလည်း ယူရင်း ဆုံတွေ့ကြမယ်နော်။

❤️ နောက်နှစ်ဆုပေးပွဲများ‌တွေမှာလည်း အားလုံးထပ်မံတွေ့ဆုံကြပါစို့‌နော်။
❤6
August 11, 2025 528 1