🌟ကျောင်းသားများ၏ ပညာရေးတိုးတက်မှု၊ ယုံကြည်မှုနှင့် ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနေတဲ့ 𝗧𝗿. 𝗠𝗲 𝗠𝗲 𝗠𝘆𝗶𝗻𝘁 𝗣𝗮𝗶𝗻𝗴 🙆♀️✨
🤗 NELC တွင် (၁၃) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ Upper Myanmar ရဲ့ Academic Coordinator အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ Tr. Me Me Myint Paing ဟာ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးတိုးတက်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုအတွက် Student-Centered Learning ကို အလေးထားပြီး သင်ကြားပေးနေသူ ဖြစ်ပါတယ်။
💯 B.Sc. Engineering Cosmetic Technology, B.A. (Myanmar) ဘွဲ့များရရှိထားပြီး သင်ကြားရေးဆိုင်ရာ လက်မှတ်များစွာ ပိုင်ဆိုင်ထားတဲ့ Tr. Me Me Myint Paing ဟာ NELC တွင် English, Preschool, Young Learners, Adult Classes နှင့် Teachers’ Training များကို သင်ကြားပေးခဲ့သူဖြစ်ပြီး Management နဲ့ Leadership Skills များကိုလည်း ကျွမ်းကျင်စွာ အသုံးချနိုင်သူ ဖြစ်ပါတယ်။
👀 သင်ခန်းစာများကို စိတ်ဝင်စားဖွယ်၊ အပြန်အလှန်ပါဝင်နိုင်ပြီး လက်တွေ့ဘဝနဲ့ ဆက်စပ်အသုံးချနိုင်အောင် စီစဉ်သင်ကြားပေးကာ
✅ English Language Skills
✅ Critical Thinking,
✅ Communication Skills နဲ့
✅ Confidence တို့ပါ တိုးတက်လာစေရန် အပြင်
ကျောင်းသားများ မေးမြန်းရဲ၊ မိမိအမြင်ကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုရဲပြီး အမှားများကနေ သင်ယူတတ်လာစေရန် နွေးထွေးပြီး ပံ့ပိုးမှုရှိတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနေသူလည်း ဖြစ်ပါတယ်။
😇 ထို့အပြင် ဆရာ၊ ဆရာမများနဲ့ ပူးပေါင်းဆောင်ရွက်ကာ သင်ကြားရေးအရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနေပြီး Teamwork & Collaboration, Problem Solving, Technology နဲ့ ခေတ်မီပညာရေးဆိုင်ရာ အယူအဆများ ကိုလည်း NELC တွင် တာဝန်ထမ်းဆောင်ရင်း လေ့လာတိုးတက်ခဲ့ပါတယ်။
👶 မိဘများအတွက် ကလေးတိုင်းမှာ မတူညီတဲ့ အရည်အချင်းနဲ့ ကိုယ်ပိုင်အလားအလာတွေ ရှိကြတာကြောင့် အခြားကလေးများနဲ့ မနှိုင်းယှဉ်ဘဲ မိမိတို့ကလေးရဲ့ စိတ်ဝင်စားမှု၊ အရည်အချင်းနဲ့ အိပ်မက်တွေကို နားလည်ပေးပြီး စိတ်ရှည်စွာ အားပေးပံ့ပိုးပေးဖို့ အလေးထားပြောကြားခဲ့ပါတယ်။
🫶 ကျောင်းသားများအတွက် English ပြောတဲ့အခါ အမှားလုပ်မိမှာကို မကြောက်ကြဖို့၊ အမှားတွေက သင်ယူမှုရဲ့ သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဆက်လက်လေ့ကျင့်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိ သင်ယူကြဖို့ အားပေးလိုက်ပါတယ်။
_Believe in yourself, keep practicing, and enjoy the learning journey. 👏🏻
Don’t worry, just speak! 🗣✨_
စေတနာ၊ အရည်အချင်းနဲ့ သင်ကြားရေးအပေါ် စိတ်အားထက်သန်မှုတို့နဲ့ ကျောင်းသားများရဲ့ အနာဂတ်ကို ပျိုးထောင်ပေးနေတဲ့ NELC Online Classes မှ Tr. Me Me Myint Paing ရဲ့ Teacher Profile ကို ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်ရှင့်။ 💙
=======================
အသေးစိတ် စုံစမ်းမေးမြန်းရန်
☎️ 09 442 648 588 / 09 442 648 599
🌐 www.nelc-centres.com
#NELCOnlineClasses
#TeacherProfile
#AcademicCoordinatorUpperMyanmar
#TrMeMeMyintPaing
#StudentCenteredLearning
#QualityEducation
#FutureLeaders
#LifelongLearning
#InspiringEducators