နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (TUNSU)… — TU Network — TG.ME

နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (TUNSU) ဖွဲ့စည်းခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား



နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက် (TU Network)အတွင်းရှိ ဆရာ/မများ ကျောင်းသား/သူများ ခင်ဗျ။
ကျွန်တော်တို့၏ TU Networkမှ ကျောင်းသား/သူများအနေဖြင့် တခြားသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တော်လှန်နေကြသော ကြားကာလတက္ကသိုလ်များနည်းတူ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာစေရန် 2025-2026 ပညာသင်နှစ်အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ 2026 March လ 20ရက်နေ့ တွင် “နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီ” တရပ်ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းတရပ် ရေးဆွဲခဲ့ကြပြီး 2026 May လအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ကျောင်းသားထုညီလာခံတွင် တင်သွင်းကာ ညီလာခံမှ 2026 Mayလ 16ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ ထိုပြဌာန်းခဲ့သော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံအခြေခံ စည်းမျဥ်းနှင့်အညီ “နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ TUNSU” အဖြစ်ဖွဲ့စည်းနိုင်ရန် ကျမ်းသစ္စာကျန်ဆိုပွဲအခမ်းအနားကို 2026 Julyလ 6ရက်နေ့ နေ့လယ် 2နာရီတိတိအချိန် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည် ခင်ဗျာ။

ထို့အတူ နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော ကျောင်းသား/သူ၊ရဲဘော်များကို အထူးပင်ကျေးဇူးတင်ရှိကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ။
နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ –

၁။ ကိုငြိမ်းချမ်းအောင်
၂။ မသုနန္ဒာအောင်
၃။ မရွှေတင်
၄။ ကိုကျော်စိုးလင်း
၅။ မသဉ္ဇာလင်း
၆။ ကိုဟိန်းမင်းလတ်
၇။ မဖြိုးရတနာကျော်
၈။ ကိုကောင်းမြတ်နိုး
၉။ ကိုရဲရင့်ထွန်း
၁၀။ ကိုမင်းညိုထွန်း
၁၁။ ကိုညီညီအောင်
၁၂။ ကိုနေလင်းအောင်
၁၃၊၊ မမျိုးမျိုး

နည်းပညာနှင့်နှီးနွယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ Facebook page:
https://www.facebook.com/share/18sjM9C8Pa/
❤17
July 3, 2026 2.2K 5