📢 အသိပေးအကြောင်းကြားခြင်း
TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးခင်ဗျာ—
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ရှိပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီ တက်ရောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ထို့အပြင် တွေ့ဆုံဆွေးနွေးမှုကို ပိုမိုအကျိုးရှိစေရန်အတွက် ဆွေးနွေးတင်ပြလိုသည့် မေးခွန်းများ၊ အကြံပြုချက်များနှင့် အမြင်သဘောထားများကို ကြိုတင်စဉ်းစားပြင်ဆင်၍ ပါဝင်ဆွေးနွေးပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
Zoom Meeting Link ကို သက်ဆိုင်ရာ အတန်းအလိုက် Telegram Group များတွင် အချိန်မီ မျှဝေပေးသွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ သက်ဆိုင်ရာ Telegram Group များကို စောင့်ကြည့်ပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
TU Network
14
1July 1, 2026 2K 9