Student ID Card (ကျောင်းသားကတ်) ထုတ်ပေးခြင်းဆိုင်ရာ အသိပေးချက်… — TU Network — TG.ME

📢 Student ID Card (ကျောင်းသားကတ်) ထုတ်ပေးခြင်းဆိုင်ရာ အသိပေးချက်
ကျောင်းသား၊ ကျောင်းသူများအတွက် Student ID Card (ကျောင်းသားကတ်) များကို စတင်ထုတ်ပေးနေပြီ ဖြစ်ပါသည်။ မိမိတို့နှင့် သက်ဆိုင်သည့် အစီအစဉ်အတိုင်း လာရောက်ထုတ်ယူနိုင်ပါသည် တင်ပြအပ်ပါသည်။

၁။ Data ကြိုတင်ဖြည့်ထားပြီးသူများ
ID Card ပြုလုပ်ရန်အတွက် အချက်အလက် (Data) များ ကြိုတင်ပေးပို့ Form ဖြည့်ထားပြီးသူများသည် @p0lar2s ထံတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
ထုတ်ယူသည့်အခါ မိမိတို့၏ ခုံနံပါတ် (Roll No. - ဥပမာ၊ 1BE-...) ကို ပြောဆိုထုတ်ယူရပါမည်။

၂။ ယခုမှ Form စဖြည့်မည့်သူများ
ယခုမှ စတင်၍ Form ဖြည့်စွက်မည့်သူများအနေဖြင့် ကျောင်းသားကတ်များကို ချက်ချင်းရရှိမည်မဟုတ်ပါ။
Form ဖြည့်ပြီးပါက သတ်မှတ်ထားသော အချိန် / ရက်စွဲ ရောက်မှသာ နောက်တစ်သုတ် ပြန်လည်ထုတ်ယူရရှိမည် ဖြစ်ပါသည်။

၃။ ဆက်သွယ်ထုတ်ယူရန်နေရာနှင့် တာဝန်ခံ
တာဝန်ခံအမည် 1BEEC-9(@p0lar2s)
1BEEP-14(@BEEP_14)

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ခုံနံပါတ် အထောက်အထားများနှင့်အတူ တာဝန်ခံများထံသို့ ဆက်သွယ်ထုတ်ယူကြပါရန် အသိပေးအပ်ပါသည်။

နည်းပညာနှင့်နှီးနွယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

ရက်စွဲ။ ။ ၁၉ မေ ၂၀၂၆
❤7
May 19, 2026 2.9K 3 5