မြိတ်တက္ကသိုလ်နှင့် တရုတ်တတိယအဏ္ဏဝါတက္ကသိုလ် ပင်လယ်ပြင်သုတေသန ပူးပေါင်းဆောင်ရွက်
စက်တင်ဘာ ၈
ပင်လယ်နှင့်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရေးအတွက် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနနှင့် တရုတ်နိုင်ငံ ရှမန်မြို့ရှိ တတိယအဏ္ဏဝါတက္ကသိုလ်တို့ ပူးပေါင်း၍ ပင်လယ်ပြင်တိုင်းတာရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထော်ကျွန်းအနောက်ဘက်ကမ်းတွင် ပင်လယ်ရေအရည်အသွေးတိုင်းတာရေးစက် တပ်ဆင်၍ သန္တာကျောက်တန်းများအပါအဝင် ကမ်းရိုးတန်းသယံဇာတများအပေါ် ရာသီဥတုပူနွေးလာမှု၏ သက်ရောက်မှုများကို လေ့လာမည်ဖြစ်သည်။
ယင်းသုတေသနလုပ်ငန်းများအတွက် နှစ်ဖက်တက္ကသိုလ်များအကြား MoU လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ ကျင်းပခဲ့ပြီး မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိနှင့် တတိယအဏ္ဏဝါတက္ကသိုလ် ညွှန်ကြားရေးမှူးချုပ် Dr. Zhang Haifeng တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် စာချွန်လွှာများနှင့် အမှတ်တရလက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။
TruthZoneOnline
27
3
1
1September 8, 2026 749 1 1

