မန္တလေးမြို့ ၇ မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၄၉,၆၂၁ ပါးအား… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မန္တလေးမြို့ ၇ မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၄၉,၆၂၁ ပါးအား လှူဖွယ်ပစ္စည်းများ လှူဒါန်း

စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မန္တလေးမြို့ပေါ် ၇ မြို့နယ်ရှိ ကျောင်းတိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉,၆၂၁ ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကုလားပဲများ လှူဒါန်းပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သံဃာတော် ၄၅ ပါးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

လှူဒါန်းရာတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ ရဟန်း၊ သာမဏေ ၄၃,၇၄၇ ပါးနှင့် သီလရှင် ၅,၈၇၄ ပါးအတွက် ဆွမ်းဆန်တော် ၄,၁၃၅ အိတ်၊ ဆီ ၁၂,၄၀၆ ပိဿာ၊ ကြက်သွန်နီ ၁၂,၄၀၆ ပိဿာ၊ ကုလားပဲ ၁၂,၄၀၆ ပိဿာနှင့် ဆား ၅၀၀ ပိဿာ စုစုပေါင်းတန်ဖိုး ကျပ် ၈၃၂,၁၇၃,၀၀၀ ဖိုး လှူဒါန်းခဲ့ကြောင်း သိရသည်။

TruthZoneOnline
🙏28👍8❤7👏2
September 8, 2026 892 1 1