မန္တလေးတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်လံအပ်နှင်းပွဲ ကျင်းပ
စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်လံအပ်နှင်းပွဲကို စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် ပထမဆုရရှိသူများက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ဗဟိုအဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံ အပ်နှင်းခဲ့ကြောင်း သိရသည်။
TruthZoneOnline
26
3
3September 8, 2026 836 1

