နီပေါတွင် သေဆုံးပြီဟုယူဆကာ ဈာပနပြုလုပ်ခဲ့သည့် အမျိုးသမီး ၁၀ ရက်အကြာ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နီပေါတွင် သေဆုံးပြီဟုယူဆကာ ဈာပနပြုလုပ်ခဲ့သည့် အမျိုးသမီး ၁၀ ရက်အကြာ အသက်ရှင်လျက်တွေ့ရှိ

စက်တင်ဘာ ၇

နီပေါနိုင်ငံတွင် ပြင်းထန်သောရေကြီးမှုအတွင်း ပျောက်ဆုံးခဲ့ပြီး သေဆုံးပြီဟုယူဆကာ မိသားစုဝင်များက ဈာပနပြုလုပ်ခဲ့သည့် ချန်ဒီကာ ကူမာရီ ရှာရက်စ်သာကို ၁၀ ရက်အကြာ စက်တင်ဘာ ၅ ရက်တွင် ဘီထရာဝါတီရွာရှိ ပြိုကျနေသောနေအိမ်အတွင်း ရေနှင့်ရွှံ့များကြားမှ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့က ၄၅ မိနစ်ခန့် ရှာဖွေကယ်ဆယ်ပြီးနောက် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ဆေးကုသမှုခံယူနိုင်ရန် စစ်ရုံသို့ ပို့ဆောင်ခဲ့သည်။ ရေကြီးမှုဒဏ်အပြင်းအထန်ခံခဲ့ရသည့် ဘီထရာဝါတီဒေသတွင် လူရာနှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက် ပိတ်မိသူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
Ref: ABS, CBN

TruthZoneOnline
👍36👏7😱6❤5🙏3🥰1
September 7, 2026 1.2K 2 1