အောင်ပန်းမြို၌ နယ်လှည့်ဆေးကုသရေးအဖွဲက ကျန်းမာရေးစောင့်ရှောက်မှုပေး
စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို၊ ကမ္ဘားနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲက စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၉၂ ဦးတိုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဆေးကုသမှုအနေဖြင့် သွားနှင့်ခံတွင်း၊ ကလေး၊ နှလုံး၊ သားဖွားမီးယပ်၊ အရိုးအကြော၊ အရေပြား၊ မျက်စိ၊ နား-နှာခေါင်း-လည်ချောင်းနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခဲ့သည့်အပြင် Ultra Sound၊ ECG နှင့် ဆီးချိုစစ်ဆေးမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထိုပြင် တာဝန်ရှိသူများက ဆရာတော်အား ဖူးမျှော်ကြည်ညို၍ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
TruthZoneOnline
8
1September 5, 2026 367









