နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်များအတွင်း ရေဝင်ရောက်
စက်တင်ဘာ ၅
ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လတ်ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ အမှတ်(၁)၊ (၃) နှင့် (၄) ရပ်ကွက်များမှ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။
သတင်းရရှိသဖြင့် နမ့်စန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
15
3
2
2September 5, 2026 572 1




