စမ်းချောင်းဟိုတယ်တွင် ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း သေဆုံး စက်တင်ဘာ ၅… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

စမ်းချောင်းဟိုတယ်တွင် ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း သေဆုံး

စက်တင်ဘာ ၅

စမ်းချောင်းမြို့နယ်၊ မုန့်(တောင်)ရပ်ကွက်၊ ပြည်လမ်းရှိ ဟိုတယ်တစ်ခုတွင် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျသေဆုံးနေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုပ်အလောင်းအား အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

သေဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာဌာနများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အနာဂတ်အလင်းတန်း ပရဟိတအသင်း

TruthZoneOnline
😱18❤1🤔1
September 5, 2026 643 1 1