ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ ၅၀၀ ခန့် ယာယီရွှေ့ပြောင်း
စက်တင်ဘာ ၅
မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာသဖြင့် ပဲခူးမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက် ၄ ခုမှ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၄၉၄ ဦးကို ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးနေရာများသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်တွင် ပဲခူးမြစ်ရေ ၉၂၄ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက် ၄၄ စင်တီမီတာ ကျော်လွန်ခဲ့သည်။ ရေဝင်ရောက်သည့် ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းတောင်နှင့် မဇင်းရပ်ကွက်များမှ ပြည်သူများကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများရှိ ဓမ္မာရုံနှင့် ကျောင်းဆောင်များတွင် ယာယီနေရာချထားပေးထားကြောင်း သိရသည်။
TruthZoneOnline
7
6
5
4September 5, 2026 723 1 2

