ဘန်ကောက်တွင် လျှပ်စစ်ဘတ်စ်ကား ၁,၅၂၀ စီး ပြေးဆွဲရန် BMTA ပြင်ဆင်
ဘန်ကောက်လူထုသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (BMTA) သည် သက်တမ်းရင့်ဘတ်စ်ကားများနေရာတွင် လျှပ်စစ်ဘတ်စ်ကား ၁,၅၂၀ စီး အစားထိုးပြေးဆွဲရန် ပြင်ဆင်နေပြီး ၂၀၂၇ ခုနှစ် မတ်လတွင် စတင်ပြေးဆွဲရန် မျှော်မှန်းထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။
BMTA ဒါရိုက်တာ ကစ်တီကန် ချောင်ဒေါင် ချာရူဝိုရာပိုလ်ကူလ်က Absolute Assembly စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး အီးဗီဘတ်စ်များကြောင့် ခရီးသည်များအတွက် ဘေးကင်းအဆင်ပြေမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ကျစေသည့်အပြင် လောင်စာဆီနှင့် ပြုပြင်ထိန်းသိမ်းစရိတ် နှစ်စဉ် ဘတ် ၄ ဒသမ ၁ ဘီလျံခန့် သက်သာမည်ဟု ပြောသည်။
BMTA သည် ဘတ်စ်ကားရုံ ၁၂ ခုနှင့် အားသွင်းစခန်းများ တည်ဆောက်နေပြီး ဘတ်စ်ကားတစ်စီး အားသွင်းရန် ၃ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ မြို့တော်အနှံ့ မပြေးဆွဲမီ ပုံစံငယ်ဘတ်စ်ကား ၂ စီးဖြင့် စမ်းသပ်ပြေးဆွဲကာ ဘေးကင်းမှုကို အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
TruthZoneOnline

22
5
1September 5, 2026 842 1 1