ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားငယ်လေး(၄)ကောင် မွေးဖွား
တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)တွင် ကျားထီး “ဂျက်ဆင်”နှင့် ကျားမ “ဝိုင်းချစ်” တိုမှ ကျန်းမာသန်စွမ်းသော ကျားငယ်လေး (၄) ကောင်ကို ယမန်နေ့က အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
Htoo Zoos & Gardens Business Unit ၏ ကြိုးပမ်းအားထုတ်မှုများထဲမှ နိုင်ငံခြားပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပိုချခဲ့သည့် Workshop နှင့် Training များမှ ရရှိသော အသိပညာ၊ နည်းပညာများ နှင့် SEAZA Guidelines များကို တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် လက်တွေ့အသုံးချ၍ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ထိုသိုတိရစ္ဆာန်ဥယျာဥ်များတွင် Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် ရလာဒ်အရ ကျားငယ်လေး(၄)ကောင်ကို မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း Yangon Zoo က အသိပေးထုတ်ပြန်ထားသည်။
TruthZoneOnline
33
14
1
1
1September 1, 2026 913 2 1


