တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် လက်နက်/ခဲယမ်းများနှင့်အတူ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံ၍ ဆုကြေးငွေထောက်ပံ့

၂၀၂၆ စက်တင်ဘာ ၂ရက်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမတွင် ယနေ့နံနက်ပိုင်းက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ လက်နက်ကိုင်ဆန့်ကျင်ရေးအဖွဲ့များအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၄ ဦးနှင့်အတူ သေနတ် ၈ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၂၆၁ တောင့်တို့အား လက်ခံခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍14👏4
September 2, 2026 573 1