နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား


နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က သြဂုတ် ၃၁ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲစည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များ တိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုးရသည်ဟု ပြောကြားခဲ့သည်။

TruthZoneOnline
👍13❤7💯1🤗1
September 1, 2026 478 1 1