ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျေ-ာက်ဆုံးနေ
ပေကျင်း
ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျေ-ာက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်သည်။
ပျေ-ာက်ဆုံးနေသည့် နိုင်ငံခြားသားများအနက် နီပေါနိုင်ငံသား ၁၀၄ ဦးဖြင့် အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၄၉ ဦး၊ လတ်ဗီးယားနိုင်ငံသား ၃၃ ဦး၊ အမေရိကန်နိုင်ငံသား ၁၈ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁၅ ဦးတို့ ပါဝင်ကြောင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပျေ-ာက်ဆုံးနေသူများနှင့်ပတ်သက်၍ ပေကျင်းရှိ သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများထံ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။popular
TruthZoneOnline

27
9
3
2August 31, 2026 1K 2