မြန်မာနိုင်ငံတွင် ပထမဆုံး Base Isolation System အသုံးပြု အဆောက်အအုံ ပန္နက်တင်
ဩဂုတ် ၃၁
မြန်မာနိုင်ငံတွင် ပထမဆုံး ငလျင်ဒဏ်လျှော့ချသည့်နည်းပညာ (Base Isolation System) အသုံးပြု၍ တည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအဆောက်အအုံတွင် အဆောက်အအုံနှင့် မြေပြင်ကြား Base Isolator များ တပ်ဆင်အသုံးပြု၍ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံအပေါ် သက်ရောက်နိုင်သည့် ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးမည်ဖြစ်သည်။
တည်ဆောက်မည့်အဆောက်အအုံမှာ ၇၇ ပေ × ၈၃ ပေ မြေဧရိယာပေါ်တွင် Basement အပါအဝင် ၅ ထပ် သံကူကွန်ကရစ်အဆောက်အအုံ အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
TruthZoneOnline

27
8
5
1August 31, 2026 1K 1