ဒီအာရ်ကွန်ဂို၌ အီဘိုလာရောဂါကူးစက်ခံရသူ ၆,၀၀၀ ကျော်ရှိလာ
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ သမိုင်းတစ်လျှောက် အလျင်မြန်ဆုံး ကူးစက်နေတဲ့ အီဘိုလာ(Ebola) ရောဂါကူးစက်ခံရသူ ၆,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၂,၉၁၁ ယောက်အထိ ရှိလာပြီလို့ သိရပါတယ်။
အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ Bundibugyo အမျိုးအစားဖြစ်ပြီး လက်ရှိမှာ တရားဝင် အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးဘူးလို့ သိရပါတယ်။ ကွန်ဂိုအစိုးရဟာ ကျန်းမာရေးဝန်ထမ်းတွေကို အရင်က အသုံးပြုခဲ့တဲ့ Ervebo ကာကွယ်ဆေးတွေ ထိုးနှံပေးနေပြီး Bundibugyo အတွက် စမ်းသပ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
TruthZoneOnline
11
8
2
1
1
1September 1, 2026 693 2 3


