မန္တလေးမြို့ အိုးဘိုရပ်ကွက်၌ နှစ်စဉ်ကျင်းပသည့် အထင်ကရ အိုးပုတ်ပွဲတော်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မန္တလေးမြို့ အိုးဘိုရပ်ကွက်၌ နှစ်စဉ်ကျင်းပသည့် အထင်ကရ အိုးပုတ်ပွဲတော် ဩဂုတ် ၂၁ ရက် ကျင်းပမည်

မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီး အောင်မြေသာဇံမြို့နယ်၊ အိုးဘိုရပ်ကွက်၌ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပလေ့ရှိသည့် အထင်ကရ အိုးပုတ်ပွဲတော်ကို ဩဂုတ် ၂၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲတော်သည် နှစ်ပေါင်းရာချီတိုင်အောင် အစဉ်အလာမပျက် တည်ရှိလာခဲ့သည့် မန္တလေးမြို့၏ ထင်ရှားသော ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်သို့ စျေးရောင်းချရန် သွားလာကြသည့် အိုးပုတ်သည်များနှင့် စျေးသည်များက လမ်းခရီးတစ်လျှောက်တွင် တထောက်နားကာ အိုးပုတ်နှင့် အခြားကုန်ပစ္စည်းများ ရောင်းချရာမှတစ်ဆင့် ယနေ့တိုင် ရိုးရာဓလေ့တစ်ရပ်အဖြစ် ဆက်လက်တည်ရှိလာခြင်းဖြစ်သည်။

အိုးပုတ်ပွဲတော်တွင် မြန်မာ့ရိုးရာဓလေ့များ၊ မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုများနှင့် ရှေးအစဉ်အလာများကို ထူးခြားစွာ တွေ့မြင်ခံစားနိုင်မည်ဖြစ်သဖြင့် မြန်မာတို့၏ ချစ်စရာကောင်းသည့် အိုးပုတ်ပွဲတော်သို့ လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

TruthZoneOnline
❤23👍11👏6🥰2
August 19, 2026 937 2