"သာ၍ဝေးရာ ဆီကိုပါ"
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ကို review ပေးပါဆိုရင်တော့ "သာ၍ဝေးရာဆီကိုပါ"
ဆိုတဲ့ ဝတ္တုလေးကိုပြောပြချင်ပါတယ်။
ဒီဝတ္ထုလေးက ကျမကို ဆရာ့လက်ရာတွေနဲ့ပထမဆုံးထိတွေ့ပေးခဲ့တာပဲဖြစ်ပါတယ်။
🍂🍂🍂
ဒီဝတ္ထုလေးထဲမှာဆိုရင်....
ရက်စက်တဲ့ဟိုးတက်ဖက်လူလောက ကနေ ထွက်ပြေးလာတဲ့လူတစ်ယောက်ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခြေဦးတည့်ရာ ထွက်ပြေးရင်း မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နယ်မြို့လေးတစ်မြို့ဆီ ရောက်လာခဲ့ရတယ်။
🍃🍃🍃
အမှတ်မထင်ပဲ သူရောက်လာခဲ့တဲ့ဒီမြို့လေးရဲ့ မြို့သူမြို့သားတွေကသူ့ကို ကိုသာဓု လို့ နာမည်ပေးထားတယ်။ မြို့ကလေးတင်လှတာမဟုတ်ပဲ မြို့နေလူကပါ စိတ်ထားလှကြတာကို ကိုသာဓုသိလိုက်ရတယ်။
🌷🌷🌷
တက္ကသိုလ်ကျောင်းသူ မသင်းနု ဆိုတဲ့မိန်းကလေးက ကိုသာဓုမြို့ကိုရောက်ရောက်ချင်း မျက်စိသံယောဇဉ်ဖြစ်စေခဲ့တဲ့မိန်းကလေးပါ။ သွက်လက်ပြီးဖော်ရွေတဲ့ မသင်းနုက ကိုသာဓုဗိုက်ဆာနေတုန်း ထမင်းကျွေးခဲ့တဲ့ ထမင်းရှင်လေးတစ်ဦးလည်းဖြစ်ပါသေးတယ်။
မသင်းနုရဲ့ ဦးကြီး က လယ်သမားကြီးတစ်ယောက်ဖြစ်ပါတယ် ။ သားတစ်ယောက်ကို ဆုံးရှုံးဖူးတဲ့ဦးကြီးက ကိုသာဓုကို ကရုဏာသက်တဲ့စိတ်နဲ့ အိမ်မှာ သားအဖြစ်မွေးစားထားတယ်။ စိတ်ချမ်းမြေ့စရာစတင်မှုကလေးပါပဲ။
🌤🌤🌤
မသင်းနုဟာ ကိုသာဓု နဲ့စစတွေ့တုန်းက ဝတ်လာတဲ့ ကိုသာဓုရဲ့အိန်ကျီကနေ ထူးခြားမှုတစ်ခုကို ရှာတွေ့ခဲ့တယ်။
နောက်ပိုင်းမှာ ကိုသာဓုဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မိမိအတိတ်ကိုမေ့မျောနေတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မသင်းနုနဲ့သူ့သူငယ်ချင်း တွေက သတိထားမိခဲ့ကြပါတယ်။
မသင်းနုတို့သတိထားမိသလို မြို့ကရောက်လာတဲ့ ရဲမှူးကြီး ကလည်း သတိထားမိပြန်တော့ ကိုသာဓုမှာပြဿနာတွေ တစ်မျိုးပြီးတစ်မျိူး ကို ရင်ဆိုင်လာရပါတော့တယ်။
🍁🍁🍁
ကိုသာဓုဆိုတာ ဘယ်လိုလူမျိုးလဲ ၊ ဘယ်ကနေလာတဲ့သူလဲ ၊ ဘယ်လိုရာထူးမျိုးပိုင်ဆိုင်တဲ့သူလဲ ၊ သူ့အတိတ်မှာ ဘယ်လိုစိတ်ဒဏ်ရာတွေရှိခဲ့လဲဆိုတာကို ပေါ်ပေါက်ဖို့ မသင်းနု ကြိုးစားပုံတွေ။
ကိုသာဓုနဲ့ သူအတိတ်မေ့လာတဲ့ သူ့ကိုယ်သူနဲ့ အားပြိုင်မှုတွေ။
🌱🌱🌱
""ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်"" ရဲ့ ဝတ္ထုခေါင်းစဉ် ဖြစ်တဲ့ သာ၍ဝေးရာဆီကိုပါ ဆိုတဲ့အတိုင်း ရက်စက်သော ဟိုလောကဆီမှာဘက်မှ ငြိမ်းချမ်းသောလောက ဒီမှာဘက်ကို ပြေးထွက်လာရပုံတွေ အကြောင်းကို တစ်စိမ့်စိမ့်နဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
တစ်ကြောင်းပြီးတိုင်းတစ်ကြောင်း ၊ တစ်ရွက်ပြီးတစ်ရွက် ဖတ်နိုင်လောက်အောင် အရေးအသားက ဆွဲငင်မှုအားကောင်းလှတဲ့ ဒီ သာ၍ဝေးရာဆီကိုပါ ဆိုတဲ့ ဝတ္ထုလေးကို "10/10" အဖြစ် review ပေးချင်ပါတယ်။
✨✨✨
စာဖတ်သူတို့ကိုလည်း ဖတ်ကြည့်ဖို့တိုက်တွန်းလို့ပါတယ်ရှင့်။
( PN-006 ပါ ခင်ဗျ
တွေ့ရခဲတဲ့ Review လေးတခုဖြစ်ပြီး အရေးသားပိုင်းဆိုင်ရာ ကောင်းမွန်စွာ ရေးသားနိုင်တာတွေ့ရပါတယ် ဆရာ့ရဲ့လက်ရာတွေထဲ
အကောင်းဆုံးတွေထဲက တပုဒ်မို့
မဖတ်ရသေးရင် ဖတ်ကြည့်စေချင်ပါတယ်ဗျ )
58
2
2August 9, 2026 4.1K 11