အစကတည်းက
တိုးတိုးဟာ ထွေးရဲ့ခေါင်းမှာဆင်မယ့် ပိတောက်ပန်းအဖြစ် မမှန်းခဲ့ပါဘူး
ထွေးဘဝ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ လှစေတဲ့ စိန်ပန်းအဖြစ်ကိုသာ ရွေးချယ်ခဲ့သူပါ
ရာသီကုန် သက်တမ်းဆုံးတော့
စိန်ပန်းတောင်မှ ဆက်ပွင့်ခွင့်
မရှ်ိပါဘူး ထွေး...
အဲ့ဒိလောကတံထွာ ဓမ္မတာကို ဆင်ခြင်ပြီး တိုးတိုးရဲ့ နှုတ်ဆက်ခြင်းကို လက်ခံပါ
-တက္ကသိုလ်ဘုန်းနိုင်
- မေတ္တာများနဲ့ စိန်ပန်းနီနီ