" တပြည်သူ မရွှေထား "
'ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်' လို့ ဆိုလိုက်တာနဲ့ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ စာပေလောကမှာ legendary ဆန်ဆန် ရပ်တည်နေတဲ့ extraordinary author တစ်ယောက်ပါ။ နှလုံးသားနူးညံ့သူတိုင်း၊ literary art ကောင်းကောင်းကို appreciate လုပ်တတ်သူတိုင်းဟာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေနဲ့ ကင်းနိုင်မယ့်သူ မရှိသလောက်ရှားပါလိမ့်မယ်။
ဆရာ့ရဲ့ ထင်ရှားကျော်ကြားလှတဲ့ စာပေလက်ရာတွေထဲမှာ “တပြည်သူ မရွှေထား” ဝတ္ထုဟာဆိုရင် မေ့ထားလို့မရတဲ့ all-time favorite novel တစ်ပုဒ်လို့တောင် ပြောလို့ရပါတယ်။
ဒီဝတ္ထုဟာ ဖတ်ဖူးသူတိုင်းရဲ့ ရင်ထဲမှာ lingering emotion တစ်ခုခု ကျန်နေစေမယ့် ဝတ္ထုတစ်ပုဒ်အဖြစ် ကျော်ကြားပါတယ်။ သက်ဝင်လှုပ်ရှားစရာကောင်းတဲ့ description တွေ၊ deep characterization တွေနဲ့အတူ သုတ၊ ရသ၊ အတွေးအမြင်၊ သမိုင်းနောက်ခံ၊ တရားသဘော၊ ဂီတဆိုင်ရာတွေကို detail ကျကျ၊ စေ့စေ့စပ်စပ် ရေးသားထားတာကို တွေ့ရတယ်။
“စာအုပ်တွေထဲမှာ ဘဝတွေရှိတယ်” ဆိုတဲ့စကားအတိုင်း ဒီစာအုပ်ဟာ အင်္ဂလိပ်တို့ အရေးနိမ့်ပြီး ဆုတ်ခွာရချိန်၊ ဂျပန်တွေ ဝင်ရောက်ကြီးစိုးချိန်၊ တစ်ဖန် အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ချိန်ဆိုတဲ့ historical background သုံးခုကြားက မြန်မာနိုင်ငံကို setting ယူထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
“ မောင့် .. ထားသခင်
မြစိမ်းရှင်ထံ
မကြင်သူအား
ကြင်မိမှားမို့
သနားခွင့်ထူး
မပန်ဖူးပါ ”
လူတွေဟာ မွေးဖွားလာပုံချင်း မတူကြသလို ဘဝကံအကျိုးပေးခြင်းတွေလည်း မတူကြပါဘူး။
မိဘမရှိ၊ ဆွေမျိုးသားချင်းမရှိဘဲ အမတစ်ယောက်တည်းကိုသာ အားကိုးနေရတဲ့၊ ယောက်ဖရဲ့ မကြည်ဖြူမှုဒဏ်ကို ခံရင်း၊ ကျရာအလုပ်ကို လုပ်ကိုင်ရှာဖွေနေရသူ ဆင်းရဲသားကျောမွဲလူတန်းစား လူငယ်တစ်ယောက်။
တစ်ဖက်မှာတော့ ငယ်ငယ်ကတည်းက ပိုးမွေးသလို ယုယထွေးပွေ့စွာ privileged life တစ်ခုနဲ့ ကြီးပြင်းလာတဲ့ အင်္ဂလိပ်ဝန်မင်းရဲ့ တစ်ဦးတည်းသောသမီး။
ဘဝအခြေအနေ၊ social status တွေဟာ မိုးနဲ့မြေလို ကွာခြားလွန်းတဲ့ ဒီလူနှစ်ယောက်အကြောင်းကို ဆရာကြီးက ဘယ်လို detail ကျကျ ရေးသားထားမလဲ။
အလွှာချင်းကွာခြားလှတဲ့ သူတို့နှစ်ဦး ဘယ်လိုများ တွေ့ဆုံကြမလဲ။ အဲ့ဒီ encounter ရဲ့နောက်မှာ ဘယ်လို consequences တွေ ဆက်ဖြစ်လာမလဲ။
လောကဓံရိုက်ခတ်မှုတွေဟာ လူကို ရင့်ကျက်စေပြီး ဘဝနာတတ်စေကြောင်းကို ဇာတ်ဆောင် မြတ်ဆွေနဲ့ ဆရာကြီးက ဘယ်လို parallel ယှဉ်ပြထားမလဲဆိုတာလည်း ဒီဝတ္ထုရဲ့ အားသာချက်တစ်ခုပါပဲ။
ဒါ့အပြင် မသန်စွမ်းသူတွေအပေါ် လူ့အသိုင်းအဝိုင်းရဲ့ prejudice တွေ၊ လွဲမှားနေတဲ့ အယူဝါဒတွေကိုလည်း ဆရာကြီးက subtle but powerful way နဲ့ ထိထိမိမိ ပြုပြင်တင်ပြထားပါတယ်။ မသန်စွမ်းပညာရှိ ဆရာကြီး ဦးချမ်းသာဆိုတဲ့ character ဟာလည်း “မသန်ပေမယ့် မစွမ်းတာမဟုတ်”၊ " မသန်ပေမယ့် စွမ်းတယ် "ဆိုတဲ့ message ကို အင်မတန်လေးနက်စွာ ပေးနိုင်ခဲ့တယ်လို့ ခံစားရတယ်။
အချစ်ကို အယုံအကြည်မရှိ၊ မာနကြီးပြီး နှလုံးသားမာကြောတဲ့ ထားတစ်ယောက် အချစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသွားမလဲ။ ထားရဲ့ရင်ဘတ်ထဲကို မြတ်ဆွေဟာ ဘယ်လိုများ slowly and deeply နေရာယူသွားနိုင်ခဲ့မလဲ။
ဆုံစည်းခြင်းနဲ့ ခွဲခွါခြင်းဆိုတဲ့ အလွှာပါးပါးကလေးတစ်ချပ်မှာတောင် မငိုချင်တဲ့ ထား၊ မငိုခဲ့တဲ့ ထား၊ ထားက ငိုရစ်လို့ ဆိုခဲ့တဲ့အတိုင်း ငိုဖြစ်အောင် ငိုခဲ့တဲ့ 'ထားရာနေ စေရာသွားဘဝ' မြတ်ဆွေ။
ဒီလို heartbreak ဆန်ဆန် ဝမ်းနည်းဖွယ်အတိ scene တွေကို စာဖတ်ပရိသတ်တွေ ရင်ထဲ၊မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဆရာကြီး ဘယ်လိုရေးသားထားမလဲ။
မမြင်နိုင်တဲ့ ကံကြမ္မာတွေနဲ့ ဘဝသံသရာကြားမှာ မမျှော်လင့်ထားတဲ့ ထားနဲ့ မြတ်ဆွေတို့ရဲ့ surprising ending ကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က ဘယ်လိုချပြသွားမလဲဆိုတာကတော့ ဒီဝတ္ထုရဲ့ unforgettable charm တစ်ခုပါပဲ။
“Stephen King” ပြောသလို “Books are a uniquely portable magic” ဆိုတဲ့စကားက ဒီဝတ္ထုနဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်မိတယ်။ စာဖတ်သူ ကျွန်မကိုယ်တိုင်လည်း ဇာတ်ကောင်တွေနဲ့အတူ emotional journey တစ်ခုထဲ စီးမြောနေခဲ့ရတယ်။
“ထားရေ
တချို့အရာတွေကျတော့
ထိုင်ပြီးငေးကြည့်နေခွင့်ရတာကိုက
အရသာ
ဥပမာဆိုရရင်
တုံးခုလို့မှ မမှီတဲ့ လမင်းကြီးကို
ဝါးထရံပေါက်လေးကနေတဆင့်
ချောင်းကြည့်နေရသလိုမျိုးပေါ့”
လူတစ်ယောက်ဟာ ကိုယ်မြတ်နိုးတဲ့သူကို ဘယ်လောက်အထိ တန်ဖိုးထားနိုင်ကြောင်း၊ အချစ်ရဲ့ deep emotion တွေ၊ သိမ်မွေ့နက်နဲပုံတွေကို ခံစားချင်ရင်၊ အချစ်ရဲ့စွမ်းအားဟာ လူတစ်ယောက်ရဲ့ဘဝကို turning point တစ်ခုလို ပြောင်းလဲသွားစေနိုင်ပုံကို မြင်ချင်ရင်၊ လွမ်းမောကြေကွဲဖွယ်ရာ classic romance novel ကောင်းတစ်ပုဒ်ကို ဖတ်ချင်ရင်တော့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “တပြည်သူ မရွှေထား” ဝတ္ထုကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
( PN-013 ရဲ့ လက်ရာပါခင်ဗျာ
သပ်ရပ်လှပတဲ့ အရေးသားကောင်း
လေးတခုလို့ မြင်မိပါတယ်။
Congratulations ပါ ခင်ဗျ )
113
4June 26, 2026 10.1K 15