Hello အားလုံးပဲ မင်္ဂလာပါ စောင့်နေကြမယ်ထင်တဲ့ Giveaway Post ပါ… — တက္ကသိုလ်ဘုန်းနိုင် — TG.ME

Hello အားလုံးပဲ မင်္ဂလာပါ
စောင့်နေကြမယ်ထင်တဲ့ Giveaway Post ပါ

Channel ကို ပစ်ထားတာ ကြာ‌တာ‌ေတာင် ဆရာ့ရဲ့စာဖတ်ပရိတ်သတ်တွေအများကြီးပဲ
တွေ့နေရသေးလို့ အများကြီး ဝမ်းသာရပါတယ်
Channel လေး ဖွင့်တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်တာ တကြောင်း၊ ဆရာ့ရဲ့စာပေတွေကို အမြဲတစေ
ထိတွေ့စေလိုတာ တကြောင်း စတဲ့ အကြောင်းရင်း
တွေကြောင့် ဒီ Post လေးကို ဖန်တီးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
Idea လေး ရှိတာကြာပြီ ဖြစ်ပေမဲ့ အလုပ်ကိစ္စရော ပညာရေးကိစ္စတွေရောကြောင့် ခုမှ အကောင်ထည်
ဖော်ဖြစ်ပါတယ်။

အစီစဉ်လေး အကြောင်းပြောမယ်နော်
ဒီ Giveaway မှာ ပါဝင်ချင်ရင်
ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲက
ဝတ္ထုတပုဒ်အကြောင်းကို Review လေး ရေးပေးရမှာဖြစ်ပါတယ်
ပြီးရင်တော့ Admin Acc @nieh3659 ကို
ပို့ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။

လာရောက်ပေးပို့ထားတဲ့ Review တွေထဲက အကြိုက်ဆုံး (၅) ပုဒ်ကို ရွေးချယ်ကာ ဆရာ့ရဲ့စာအုပ် တယောက်လျှင် တစ်အုပ်စီ
လက်ဆောင်ပေးမှာ ဖြစ်ပါတယ် ။
စာအုပ်ကတော့ ဆရာ့ရဲ့စာအုပ်တွေထဲက ကိုယ်ဖတ်ချင်နေတဲ့စာအုပ်၊ သို့မဟုတ် ကိုယ်လိုချင်တဲ့စာအုပ်ကို တောင်းယူခွင့်ရှ်ိပါတယ်။
(Royal Express ရောက်ရှိသောမြို့များသို့ Deli free ဖြင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်)

ဒီနေရာမှာ ‌ပြောချင်တာ ရှိပါတယ်
ရွေးချယ်မဲ့ Review တွေကို Admin အကြိုက်ရွေးချယ်သွားမှာ ဖြစ်ပြီး ဘက်လိုက်ခြင်း လုံးဝ မရှိစေရကြောင်း အာမခံပါတယ်ခင်ဗျာ

ထပ်မံပြောချင်တာကတော့
အရွေးချယ်ခံရတဲ့ Review တွေကို ရက်သတ္တပတ်တခုမှာ
တပုဒ်နှုန်းနဲ့ Channel မှာ တင်ပြပေးမှာဖြစ်ပါတယ် အဲ့အတွက် Review ပိုင်ရှင်မှ ခွင့်ပြုပေးရပါမယ်
( အတင်းတော့မတောင်းဆိုလိုပါ ခွင့်မပြုလဲ ရပါတယ်)

အဲ့တော့ကာ Channel မှာ ပြန်တင်မဲ့ Review တွေဖြစ်တာကြောင့် စာဖတ်သူများအတွက် ဖတ်ရအဆင်မပြေသော Review များကို Admin ဘက်မှရွေးချယ် သွားမည်မဟုတ်ပါ ခင်ဗျာ။

ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့ ပို့စ်တင်တဲ့အချိန်ကစပြီး ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့ ည(၁၁) နာရီ၊ (၅၉)မိနစ် အထိ ပို့ပေးနိုင်ပါတယ်
အဲ့နောက်ပိုင်းပေးပို့လာသော
စာလွှာများ လက်မခံပါ ။

ကံထူးရှင်များကို မေလ (၂၇) ရက်နေ့ ည(၈)နာရီမှာ ကြေညာပေးပါမယ်။ လက်ဆောင်များ ပေးပို့ခြင်းကို ဇွန်လ ပထမ တပတ်အတွင်း အပြီး ပို့ဆောင်သွားပါမယ်။

ကဲ....
စာလဲ ရှည်သွားပြီ
စာချစ်သူတွေရဲ့ စာလွှာလေးတွေ မျှော်နေမယ်ခင်ဗျာ။
❤284👏15😢4💔2😭2
May 8, 2026 18.3K 51