လိမ္မာတယ်ဆိုတာ အင်မတန် ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။… — တက္ကသိုလ်ဘုန်းနိုင် — TG.ME

လိမ္မာတယ်ဆိုတာ အင်မတန်
ပျင်းစရာကောင်းတဲ့အလုပ်ပဲ မောင်။

လိမ္မာတယ်ဆိုတဲ့လူတွေကိုကြည့်ပြီး ခိုင်သနားမိတယ်။
သူတို့ဟာ လောကကြီးကို လိမ်နေကြတယ်။
လူလူချင်းလည်း လိမ်နေကြတယ်။

အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို
ကိုယ်ပြန်လိမ်နေကြတာပဲ။

အဲဒီလိုလိမ်ရင်းက သူတို့အသည်းနှလုံးဟာ
မာကြောလာတယ်။ လိမ္မာတယ်ဆိုတဲ့
အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့....

#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
❤292😢48💔32😭25
April 2, 2026 18.6K 117