The Irrawaddy - Burmese: post #68138 — TG.ME

ဗန်းမော်မြို့ကို ထိန်းချုပ်ဖို့ စစ်တပ်က အင်အားသုံးထိုးစစ်ဆင်

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နေရာတွေကို စစ်ကြောင်း ၅ ကြောင်းခွဲပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဗန်းမော်တက္ကသိုလ်ဘက်ကနေ တာမိုင်းလုံနဲ့ မိုးမောက်သွားလမ်းဆီကို စစ်ကြောင်း ၃ ကြောင်း၊ သင်္ချိုင်းကုန်းနဲ့ ဆင်ကုန်းရပ်ကွက်ဘက်ကနေ ကုန်းမဟတ် ရပ်ကွက် ဘက်ကို စစ်ကြောင်း ၂ ကြောင်း အသီးသီးခွဲပြီး ထိုးစစ်ဆင်နေတာပါ။

လတ်တလောမှာတော့ မြို့အနောက်ဘက် မြစ်ကမ်းနားနဲ့ အစိုးရရုံးစိုက်ရာ မြို့တွင်းနေရာတချို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့အစွန်ပိုင်းဒေသတွေမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

https://youtu.be/9_GGnfcz0Qc
❤18👎14👍6😁6