အပြန်အလှန်အားပေးဖေးမှုဆိုတဲ့ အခြေခံ အကျဆုံး လူသားဝါဒ… — The Irrawaddy - Burmese — TG.ME

အပြန်အလှန်အားပေးဖေးမှုဆိုတဲ့ အခြေခံ အကျဆုံး လူသားဝါဒ ယုတ်လျော့လာတဲ့အနေအထားမှာ ကျမတို့ ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံ့ပြဿနာ အထူးသဖြင့် မတရားမှုတွေနဲ့ နှိပ်စက်ညှဉ်းပမ်းနေတဲ့ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံသူဆိုတဲ့ အမြင်တွေကို သူတို့အဲဒီလောက်ထဲထဲဝင်ဝင် လိုက် စဉ်းစားပေးကြမယ်လို့ မထင်ဘူး။


ဘယ်သူက နေပြည်တော်မှာ ထိုင်နေသလဲ၊ ဘယ်သူက လက်နက်အင်အား ပိုသာသလဲ ဆိုတဲ့ အခြေခံကနေပဲသွားမှာ ဖြစ် တယ်။ အင်အားကြီးနိုင်ငံတွေက မင်းအောင်လှိုင်ဦးဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရကို ထောက်ခံခြင်း၊ မထောက်ခံခြင်းသည် တော်လှန်ရေးရဲ့ အခြေခံအကျဆုံးသော စဉ်းစားချက်ဖြစ်တယ်။


ဒါပေမယ့် ကျမတို့ပြည်သူတွေက နွေဦးတော်လှန်ရေးစကတည်းက ဘယ်နိုင်ငံ ထောက်ခံမယ်ဆိုတဲ့ အာမခံချက်နဲ့ စခဲ့တာ မဟုတ်ဘူး ဆိုတာလည်း သတိမူရမယ့်ကိစ္စ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ လွတ်လပ်ရေးတိုက်ပွဲတွေ ကစလို့ ဒီကနေ့အချိန်အထိ တော်လှန်ရေး အဆက်ဆက်ကို ကြည့်မယ်ဆိုရင် ဘယ်သူက မထောက်ခံလို့၊ ဘယ်လူမျိုးတွေ ဘယ်နိုင်ငံတွေက အားမပေးလို့ဆိုပြီး ရပ်တန့်သွားခဲ့ရိုးမရှိဘူး။


အဓိကအရေးကြီးဆုံးက ပြည်သူတွေရဲ့ အသိအမှတ်ပြုမှု၊ ပြည်သူတွေဆီကရတဲ့ တရားဝင်မှု (Legitimacy) အနှစ်သာရ အပြည့်ဆုံးဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးဆိုတာ မတရားမှုတွေထဲက ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ပြန်ပြီး တရားမျှတမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှု မရှိသရွေ့တော့ တော်လှန်ရေးဆိုတာ ဆက်ရှိနေဦးမှာပဲ။


ကိုစည်သူမောင် (ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၏ ပြောရေးဆိုခွင့်ရှိသူ)


အမေရိကန်ရဲ့ စစ်အုပ်စုအပေါ် ထိတွေ့ဆက်ဆံမှုက စစ်တပ်လိုလားတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရစေသလား ဆိုတာ က အလွန်ကျယ်ပြန့်ပါတယ်။ နိုင်ငံတကာဆိုရင် ကုလသမဂ္ဂရဲ့ စင်မြင့် အခင်းအကျင်းနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ရထား တဲ့ ဦးကျော်မိုးထွန်းရဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ အခန်းကဏ္ဍအပါအဝင် ဒေသတွင်း အာဆီယံအထိ ထည့်သွင်း သုံးသပ် မှပဲ ပြည့်စုံလိမ့်မယ်လို့ မြင်ပါတယ်။


ဒေသတွင်း အသိအမှတ်ပြုမှုမှာ တနိုင်ငံချင်းအလိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အသိအမှတ်ပြုပေမယ့် သူတို့ရဲ့ ဘုံသဘောတူညီထားရပ်တည်းချက် ၅ ချက်ဟာ စစ်အုပ်စုဘက်ကနေ အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံရေးဆန္ဒရှိမှုနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးဆိုတာကို ထည့်သွင်း ပြောဆိုနေဆဲပဲ ရှိပါသေးတယ်။


အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ကုလသမဂ္ဂရဲ့ ညီလာခံ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ဆိုလို့ရှိရင် ဒါကိုပဲ ပြန်လည် ရည်ညွှန်းပြီးတော့ မြန်မာနိုင်ငံမှာ ဒီအခြေအနေတွေ ဖြစ်ထွန်းဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြောထားပါတယ်။ အမေရိကန်အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု စတင်လာတာဟာလည်း နိုင်ငံရဲ့ အပြောင်းအလဲ တခုအတွက် တွန်းအားပေးနိုင်ဖို့ ရှာဖွေတယ်လို့လည်း တဖက်က သုံးသပ်လို့ရသလို တဖက်ကလည်း ဒါဟာ နိုင်ငံရေးအရ တရားဝင်မှုပေးတာပဲလို့ သုံးသပ်ချက်တွေ ရှိနေတာအမှန်ပဲဖြစ်ပါတယ်။


ကျနော့်အနေနဲ့ သုံးသပ်ချင်တာကတော့ နွေဦးတော်လှန်ရေးဟာ စစ်ရေးမျက်နှာစာပဲဖြစ်ဖြစ်၊ တခြားမျက်နှာစာပဲဖြစ်ဖြစ် အသီးသီးမှာ တကယ်တော့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပြည်သူရဲ့ အားပေးထောက်ခံမှုနဲ့ ဒီမိုကရေစီအရေးအပေါ်မှာ အားပေး ထောက်ခံတဲ့ နိုင်ငံတွေရဲ့ အားနဲ့ပဲ ရှေ့ကို ဆက်သွားနေရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးမှာ SCEF လို့ခေါ်တဲ့ နည်းဗျူဟာ တခု၊ ပေါ်လစီတခုဆိုတဲ့ တသံတည်းဖြစ်မှု ဒီလိုမျိုးတွေနဲ့အတူ တပ်ပေါင်းစုအသွင်၊ နိုင်ငံရေးအရ ထပ်ပြီးတော့ အားကောင်းတဲ့ စုစည်းညီညွတ်မှုနဲ့သွားနေတဲ့အခြေအနေမှာတော့ နွေဦးတော်လှန်ရေးကို သက်ရောက် လောက်စေတဲ့ အပြောင်းအလဲတော့ ဖြစ်လိမ့်မယ် မထင်ပါဘူး။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/10/15/417050.html
ဧရာဝတီ
အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို တော်လှန်ရေးအင်အားစု ဘယ်လိုတုံ့ပြန်လဲ
အမေရိကန် အဆင့်မြင့်အရာရှိများရဲ့ နေပြည်တော်ခရီးစဉ်များနဲ့ တိုက်ရိုက်ထိတွေ့မှုတွေဟာ စစ်အုပ်စု လိုလားနေတဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု ပေးအပ်ခြင်း မဟုတ်ပေမယ့်လည်း အဲဒီနောက်ကွယ်မှာ တဖြည်းဖြည်း လျော့ကျလာနိုင်တဲ့ ပုံမှန်ဆက်ဆံရေး ထောင်ချောက် (Normalization Creep)…
❤23👍12😁6🤔2
October 15, 2026 3.3K 3