မြန်အောင်ဆည် ကျိုးကျနိုင်၍ လူ ၉၀၀ ခန့် အရေးပေါ် ရွှေ့ပြောင်း
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ မြေသားတမံမြေကျွံနိမ့်ကျမှုဖြစ်ပွားပြီး ကျိုးကျနိုင်သည့် အခြေအနေကြောင့် အနီးအနားကျေးရွာများမှ ဒေသခံ ၉၀၀ ခန့်အား အရေးပေါ်ရွှေ့ပြောင်းပေးနေကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
မမြရေလှောင်တမံသည် အမြင့်ပေ ၁၅၀၊ အလျား ၁၁၈၀၀ ပေရှိပြီး ကန်ရေပြည့်သိုလှောင်နိုင်မှု ပမာဏ ၇သောင်း ၁ ထောင် ၄ရာ ဧကရှိသည်။
အောက်တိုဘာ ၇ ရက်က မြေသားနိမ့်ကျမှု ဖြစ်ခဲ့ပြီး ၉ ရက် ညတွင်လည်း အလျား ၂၀၀ ပေ၊ အကျယ် ၂၅ ပေ၊ အမြင့် ၁၀ ပေးခန့် တာဘောင်မြေသား ထပ်မံ နိမ့်ကျခဲ့ရာ တာဘောင်ကျိုးကျနိုင်သည့်အခြေအနေကြောင့် အရေးပေါ်ရေလွှတ်ချနေရသလို ဆည်ရေဆင်းလမ်းကြောင်းအနီးတွင် ကျေးရွာပေါင်း ၃၅ ရွာခန့်ရှိပြီး စမ်းရွာကြီးရွာ၊ ဥယျာဉ်ရွာ၊ မရွေးကုန်းရွာ ၊ရွာသစ်ကျေးရွာ၊ ငါးဘတ်ရွာ၊ ရေနံချက်ဖိုကုန်းရွာတို့မှ ဒေသခံများအား ရွှေ့ပြောင်းပေးထားကြောင်းလည်း သိရသည်။
လက်ရှိ မမြရေလှောင်တမံ ရေမြင့်အမှတ်မှာ ၃၁၅ ပေအထိ ရောက်ရှိနေပြီး သိုလှောင်ရေ ၁၀ ပေလျှော့ချနိုင်ရေးအတွက် ရေထုတ်လွှတ်မည်ဖြစ်ကြောင်းနှင့် ရေများမှာ ရေဝါချောင်းမှတဆင့် မမြချောင်း၊- ငဝန်မြစ် အဆင့်ဆင့် စီးဝင်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။
မမြဆည်သည် မြန်အောင်နှင့် အင်္ဂပူမြို့နယ်မှ နွေစပါး ဧက(၅၅၀၀) ကျော်အား နှစ်စဉ် ရေပေးဝေနေသည့် ဆည်ဖြစ်ပြီး ဆည်ကျိုးပါက မြန်အောင်နှင့် ဟင်္သာတ ခရိုင်ကို ရေဖုံးလွှမ်းနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ- Ayeyarwady Region Government
#WhatsHappeningInMyanmar
#RejectMilitaryCoup
17
11
10
3
1October 10, 2026 3.1K 5