ဘီလာရုကယူမယ့်အကြွေး မြန်မာပြည်သူတွေ ကြွေးနွံနစ်မှာစိုးရိမ်
ဧရာဝတီ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆
အာဏာသိမ်းအစိုးရ က ဘီလာရုစ်နိုင်ငံဆီကနေ အတိုးနှုန်း ၂ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကျော်အထိ ပေးရမယ့် ပို့ကုန်ချေးငွေတွေ ရယူဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံ့ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပြီး နောက်ဆုံးမှာ ပြည်သူတွေအပေါ် တိုက်ရိုက်ရိုက်ခတ်လာနိုင်တယ်လို့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
အာဏာသိမ်းခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ ဘီလာရုစ် အစိုးရပိုင်ဘဏ်တွေဆီကနေ အခုလို အတိုးနှုန်းမြင့် ချေးငွေတွေ ရယူမယ့် အခြေအနေကို စစ်အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က စစ်ဗိုလ်ချုပ်တွေ ဖန်တီးထားတဲ့ လွှတ်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က ပြောဆိုခဲ့တာပါ။
ငွေချေးယူပြီးတနှစ်ကြာတာနဲ့ ချက်ချင်း ပြန်လည်ပေးဆပ်ရမယ့် ဒီချေးငွေတွေရဲ့ မြင့်မားတဲ့ အတိုးနှုန်းတွေကြောင့် နိုင်ငံတော်ရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုမိုဆိုးရွားလာမှာဖြစ်သလို၊ အဲဒီအကျိုးဆက်ဟာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်ဝန်ပိကျရောက်လာမှာကို စီးပွားရေးလေ့လာသုံးသပ်သူတွေက စိုးရိမ်တကြီး ထောက်ပြနေကြတာ ဖြစ်ပါတယ်။
https://youtu.be/z_sqEbRa4yk
#မြန်မာ #ဧရာဝတီ #ဘီလာရု #အကြွေး #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ဘီလာရုကယူမယ့်အကြွေး မြန်မာပြည်သူတွေ ကြွေးနွံနစ်မှာစိုးရိမ် | The Irrawaddy
အာဏာသိမ်းအစိုးရ က ဘီလာရုစ်နိုင်ငံဆီကနေ အတိုးနှုန်း ၂ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကျော်အထိ ပေးရမယ့် ပို့ကုန်ချေးငွေတွေ ရယူဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံ့ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပြီး နောက်ဆုံးမှာ ပြည်သူတွေအပေါ် တိုက်ရိုက်ရိုက်ခတ်လာနိုင်တယ်လို့…

24
17
13
3
2October 12, 2026 4.4K 3