အခုချိန်မှာ ဘယ်သူ့အတွက်မှ "လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေး" ဆိုတာ… — The Irrawaddy - Burmese — TG.ME

အခုချိန်မှာ ဘယ်သူ့အတွက်မှ "လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေး" ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။ ဒီအန္တရာယ်က ရိုဟင်ဂျာတွေ၊ မွတ်ဆလင်တွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအတွက်တင် မဟုတ်ပါဘူး။ မလေးရှား ဒါမှမဟုတ် တခြား နိုင်ငံတခုခုကနေ ပြန်လာတဲ့ မြန်မာ-ဗုဒ္ဓဘာသာ လူငယ် တယောက်ဆိုရင်လည်း ကိုယ့်ပြည်သူအချင်းချင်း ပြန်တိုက်ဖို့ စစ်ထဲ ဆွဲသွင်းခံရနိုင်ပါတယ်။

ရိုဟင်ဂျာတွေ ဆိုရင်လည်း ဒီလို ဆိုးရွားလှတဲ့ အခြေအနေမျိုးကို ကြုံခဲ့ရပြီးပါပြီ။ သူတို့အပေါ် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ထားခဲ့တဲ့ စစ်တပ်က အခုတော့ ရိုဟင်ဂျာ အမျိုးသားတွေနဲ့ လူငယ်တွေကို အတင်းအကျပ် စစ်သားစုဆောင်းပြီး ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်ဖို့ ရှေ့တန်းလွှတ်ခဲ့ပါတယ်။

လူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် လုပ်ခဲ့တဲ့ အဖွဲ့အစည်းကပဲ အခုတော့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်လက်ခံပါ့မယ် ဆိုတဲ့ ကတိကို ယုံကြည်ပေးဖို့ ကမ္ဘာကြီးကို တောင်းဆိုနေတာပါ။ မလေးရှားကလည်း ဒီလို ဟန်ဆောင်နေတာကို လက်ခံပေးမယ့်ပုံ ပေါက်နေပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/08/416888.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
သူ့အတွေးသူ့အမြင် | ဒုက္ခသည်တွေ ဖန်တီးသူကို မလေးရှားက ကယ်တင်ရှင်ထင်
လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုက "ထိတွေ့ဆက်ဆံရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာစစ်အာဏာရှင်တွေကို အာဆီယံထဲ ဆွဲသွင်းခဲ့တဲ့ မလေးရှားဟာ အခုလည်း အဲဒီအမှားမျိုး ထပ်ကျူးလွန်နေပါတယ်။
👍31❤5👎4🤔1😭1
October 8, 2026 3.8K 1