ရေကြီးနေသည့် ထိုင်း ဆာကယ်အိုခရိုင်တွင် မိကျောင်း ၄ ကောင် လွတ်နေ… — The Irrawaddy - Burmese — TG.ME

ရေကြီးနေသည့် ထိုင်း ဆာကယ်အိုခရိုင်တွင် မိကျောင်း ၄ ကောင် လွတ်နေ

ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၆

ထိုင်းနိုင်ငံ ဆာကယ်အိုခရိုင် (Sa Kaeo) ခရိုင်၊ ခေါဝ်ချခန်မြို့နယ်တွင် ယမန်နေ့က ရေကြီးပြီး မွေးမြူရေးခြံမှ၂ မီတာခန့်အရှည်ရှိ မိကျောင်း ၄ ကောင်လွတ်မြောက်ကာ၊ နှစ်ကောင်သာ ပြန်လည်ဖမ်းမိသေးသည့် အတွက် ရှာဖွေဖမ်းဆီးမှုနှင့် ဒေသခံများအား သတိပေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း MGR Online သတင်းတွင် ဖော်ပြထားသည်။

မိကျောင်းလွတ်နေသည့်နေရာမှာ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ဒေသဖြစ်ပြီး ယမန်နေ့ ၁၀ နာရီခွဲခန့်တွင် ၂ ကောင်အား ပြန်လည်တွေ့ရှိပြီးနောက် ဒေသခံများ ဘေးကင်းလုံခြုံရေးအတွက် အသေဖမ်းဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မိကျောင်း တွေ့ရှိပါက ကိုယ်တိုင်ဖမ်းဆီးရန်ကြိုးပမ်းခြင်းများ မပြုလုပ်ဘဲ တွေ့ရှိသည့် တည်နေရာ အချက်အလက်များအား အာဏာပိုင်များထံ သတင်းပေးပို့ကြရန်လည်း သတိပေးထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘန်ကောက်မြို့အပါအဝင် ခရိုင်အချို့၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားနေပြီး ဆည်အချို့မှာလည်း အရေးပေါ် ရေလွှတ်နေရကြောင်း သိရသည်။

ဓာတ်ပုံ- MGR
👍47😭8😁6❤5🤔3
September 27, 2026 3.7K 4