ကြံ့ခိုင်ရေးပါတီဝင်ဆိုတာ မင်းအောင်လှိုင်အတွက် အမည်ခံသက်သက်ပဲ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ကြံ့ခိုင်ရေးပါတီဝင်ဆိုတာ မင်းအောင်လှိုင်အတွက် အမည်ခံသက်သက်ပဲ

ဧရာဝတီ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီဝင်တဦး ဖြစ်တယ်လို့ ပါတီဘက်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာပါတယ်။

ဦးမင်းအောင်လှိုင်ဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီးချိန်ထဲက ပါတီဝင်ဖြစ်လာတာလို့ USDP ပါတီဘက်က ဧရာဝတီကိုပြောပါတယ်။

ဒါပေမယ့် ဦးမင်းအောင်လှိုင်ဟာ ရိုးရိုးသာမန် ပါတီဝင်သက်သက်ပဲလား၊ ဘယ်လိုအခန်းကဏ္ဍမှာ ဘာတာဝန်ယူထားလဲလို့ မေးမြန်းရာမှာတော့ ပါတီဘက်က ဒီမေးခွန်းကိုမဖြေနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ဦးမင်းအောင်လှိုင်က ပါတီဝင်ဖြစ်တယ်ဆိုတာဟာ အမည်ခံပြသမှု သက်သက်သာဖြစ်ပြီး ပါတီတခုလုံး ကိုပါ ရေရှည်ကြိုးကိုင် ခြယ်လှယ်နိုင်ဖို့ ပြင်ဆင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။

https://youtu.be/BIyACwN7TU8

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #USDP #ကြံ့ခိုင်ရေး #နိုင်ငံရေးပါတီ #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ကြံ့ခိုင်ရေးပါတီဝင်ဆိုတာ မင်းအောင်လှိုင်အတွက် အမည်ခံသက်သက်ပဲ | The Irrawaddy
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပါတီဝင်တဦး ဖြစ်တယ်လို့ ပါတီဘက်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာပါတယ်။ ဦးမင်းအောင်လှိုင်ဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို…
😁36👍18❤5👎1😭1
September 21, 2026 2.3K 3