နီပေါ လာမည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်းသယ်ဆောင်မှု သံရုံး သတိပေး
ဧရာဝတီ၊ စက်တင်ဘာ ၂၀၊ ၂၀၂၆
နီပေါနိုင်ငံ ခတ္တမန္ဒူနိုင်ငံတကာလေဆိပ်၌ မူးယစ်ဆေးဝါး သယ်ဆောင်သည့် မြန်မာအချို့ ဖမ်းဆီးခံရမှုဖြစ်စဉ်များ ယခုရက်ပိုင်း ဆက်တိုက်ဖြစ်နေသဖြင့် လာရောက်ကြမည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်းများသယ်ဆောင်ခြင်းနှင့် ပတ်သက်၍ မြန်မာသံရုံးက သတိပေးလိုက်သည်။
နီပေါနိုင်ငံသို့ အလည်အပတ် ခရီး၊ ပစ္စည်း သယ်ယူပို့ဆောင်သည့် လုပ်ငန်း သို့မဟုတ် အလုပ်အကိုင် ရှာဖွေရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသားများအနက် အချို့မှာ မသမာသူများက ရည်ရွယ်ချက်ရှိရှိထည့်ပေးလိုက်သော လူကြုံပစ္စည်းများအတွင်း တရားမဝင်ပစ္စည်းများ (ဥပမာ- ဆေးခြောက်များ) သယ်ဆောင်လာမှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း၊ အလားတူဖြစ်စဉ်များ ထပ်မံ မပေါ်ပေါက်စေရေးအတွက် သတိပြုဆင်ခြင်၍ ခရီးသွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
26
16
5
2
1September 20, 2026 4.4K 5