ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၂ ဦးအား ထောင်ဒဏ် ၇ နှစ် ချ… — The Irrawaddy - Burmese — TG.ME

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၂ ဦးအား ထောင်ဒဏ် ၇ နှစ် ချ

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆

နိုင်ငံတော်အာဏာ ဖီဆန်ပုန်ကန်ရန် လှုံ့ဆော်မှုဖြင့် ပြစ်ဒဏ်ကျခံရသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၂ ဦးကို သောကြာနေ့တွင် ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ စီရင်ချက်ချလိုက်သည်။

၁၉၈၉ တီအန်နန်မင်ရင်ပြင် (Tiananmen Square) ဖြိုခွင်းခံရမှုကို အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့သည့် "Hong Kong Alliance" အဖွဲ့မှ လီချက်ရန် (၆၉ နှစ်) ကို ထောင်ဒဏ် ၇ နှစ်နှင့် ချောင်ဟန်တန်း ( ၄၁ နှစ်) ကို ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် "တပါတီ အာဏာရှင်စနစ် နိဂုံးချုပ်ရေး" ဟူသော ကြွေးကြော်သံကို အသုံးပြုခဲ့ကြသဖြင့် အမျိုးသားလုံခြုံရေးဥပဒေအရ အပြစ်ရှိကြောင်း အမိန့်ချခံခဲ့ရသည်။

အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည့် အဆိုပါလှုပ်ရှားသူများ၏ မိသားစုဝင်များက တရားစီရင်မှုကို မတရားကြောင်း ပြောဆိုခဲ့ကြသလို ထိုင်ဝမ်အစိုးရကလည်း ယင်းစီရင်ချက်ကို ရှုတ်ချခဲ့သည်။ အခြားတဖက်တွင် တရုတ်နှင့် ဟောင်ကောင်အာဏာပိုင်များကမူ အဆိုပါ အဖွဲ့အစည်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို ဖြိုချရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီး တရားစီရင်မှုမှာ တရားမျှတကြောင်း တုံ့ပြန်ထားသည်။

ကိုးကား။ ။ Reuters သတင်း Hong Kong court jails two Tiananmen vigil group leaders for 7 years

ဓာတ်ပုံ - "Hong Kong Alliance" အဖွဲ့မှ လီချက်ရန် (ယာ) နှင့် ချောင်ဟန်တန်း ( ဝဲ)
👎18❤2😁1
September 12, 2026 1.7K 1