အခွင့်ထူးခံ ရှင်သန်နေတဲ့ အာဏာရှင် ဦးနေဝင်းမိသားစု (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၂၆
အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိသားစုဝင်တွေဟာ လက်ရှိမှာ တရားဝင်နိုင်ငံရေးရာထူးတွေ၊ အစိုးရအာဏာ တွေကို တိုက်ရိုက်ကိုင်ထားသူတွေ မဟုတ်ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အကြီးအကဲတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေကတဆင့် သြဇာအာဏာ ဆက်လက်တည်ဆောက်ထားနိုင်ကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အာဏာသိမ်းစစ်တပ်ရဲ့ အခမ်းအနားတွေမှာ သူတို့ကို မြင်တွေ့ရလေ့ရှိသလို၊ စစ်တပ်အကြီးအကဲတွေကလည်း ဗိုလ်နေဝင်းမိသားစုကို တွေ့ဆုံတာ၊ ဂါရဝပြုတာတွေ ပြုလုပ်တာတွေ့ရပါတယ်။
တဖက်မှာလည်း ဒီလို စစ်တပ်အကြီးအကဲတွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးတွေကြောင့် ဗိုလ်နေဝင်းမိသားစုတွေဟာ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်ခဲ့ကြသလို ဧရာဝတီဘဏ်နဲ့ ချေးငွေအငြင်းပွားမှုတွေ၊ လိုင်စင်သက်တမ်းကုန်နေတဲ့ ယာဉ်တွေနဲ့ YBS ပြေးဆွဲနေမှုတွေလို အငြင်းပွားဖွယ်ရာကိစ္စတွေမှာ အရေးယူမှုမရှိဘဲ ဆက်လက်လုပ်ကိုင်နိုင်နေပါတယ်။
https://youtu.be/SHKbcjBlrx8
#မြန်မာ #ဧရာဝတီ #ဦးနေဝင်း #အာဏာရှင် #အေးနေဝင်း #ကျော်နေဝင်း #WhatsHappensInMyanmar
YouTube
အခွင့်ထူးခံ ရှင်သန်နေတဲ့ အာဏာရှင် ဦးနေဝင်းမိသားစု (ရုပ်/သံ)
အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိသားစုဝင်တွေဟာ လက်ရှိမှာ တရားဝင်နိုင်ငံရေးရာထူးတွေ၊ အစိုးရအာဏာ တွေကို တိုက်ရိုက်ကိုင်ထားသူတွေ မဟုတ်ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အကြီးအကဲတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေကတဆင့် သြဇာအာဏာ ဆက်လက်တည်ဆောက်…

37
8
5
1September 9, 2026 3.5K 6