ဘိန်းစားချင်း တလုံးပိုရှူတာ ခံလိုက်ရတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ဥရောပရဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့မှုကြောင့် သူကိုယ်တိုင် ရုရှားကို မှီခိုရုန်းကန်နေရတဲ့ ဘီလာရုစ်က မြန်မာလိုအပ်တဲ့ အရာတိုင်း နည်းပညာ ကူညီပေးနိုင်တယ်ဆိုတာကလည်း အရူးက တမူးသာတယ်ဆိုတာ ဒါမျိုးပြောတာလို့ ဆိုရမှာပါ။
မင်းအောင်လှိုင်အဖို့တော့ ဘီလာရုစ်ဟာလည်း ကောက်ရိုးတမျှင် ဖြစ်လေတော့ ရသမျှ ဖမ်းဆွဲပြီး ဆရာလုပ်တာ ခံနေရပုံပါပဲ။ အနည်းဆုံး လက်နက်ဝယ်ဖို့က အဓိကဆိုတော့ ကျန်တာ ရသမျှ အမြတ်ပဲ သဘောထားပုံရပါတယ်။ ကျန်တာ ရင်းနှီးမြှုပ်နှံတာ မလုပ်တောင် သူသားရဲ့ ရတနာပုံ မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံရင် အမြတ်ပဲဆိုပြီး ရောက်တဲ့ နိုင်ငံတိုင်းမှာ ဖိတ်ခေါ်နေလေရဲ့။
ကိုယ်ခံအားကလည်း မကောင်း၊ ဗဟုသုတကလည်း မရှိ၊ ပညာကလည်း မတတ်၊ ပြင်ချင်စိတ်ကလည်း မရှိ၊ အာဏာကို ဖက်တွယ်ဖို့ပဲ စိတ်အားသန်နေတဲ့ မင်းအောင်လှိုင် တယောက်တော့ အတူတူနဲ့ အနူနူတွေကြားမှာ ဘီလာရုစ်လို ဥရောပက ပိတ်ဆို့ထားတဲ့ လူဦးရေ ၉ သန်းလောက်ပဲ ရှိတဲ့ နိုင်ငံငယ်တခုက ရုရှားမှီခိုနေရတဲ့ အာဏာရှင်တယောက်ရဲ့ ဆရာလုပ်ခံရတာ၊ လေလုံးထွားခံရတာ နည်းတောင် နည်းသေးတယ်လို့ ဆိုပါရစေ။
https://youtu.be/s5_99gpWP84
#မြန်မာ #ဧရာဝတီ #ဘီလာရုစ် #မင်းအောင်လှိုင် #ဘိန်းစား #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ဘိန်းစားချင်း တလုံးပိုရှူတာ ခံလိုက်ရတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)
ဥရောပရဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့မှုကြောင့် သူကိုယ်တိုင် ရုရှားကို မှီခိုရုန်းကန်နေရတဲ့ ဘီလာရုစ်က မြန်မာလိုအပ်တဲ့ အရာတိုင်း နည်းပညာ ကူညီပေးနိုင်တယ်ဆိုတာကလည်း အရူးက တမူးသာတယ်ဆိုတာ ဒါမျိုးပြောတာလို့ ဆိုရမှာပါ။
မင်းအောင်လှိုင်အဖို့တော့ ဘီလာရုစ်ဟာလည်း ကောက်ရိုးတမျှင်…

30
3
2
1September 6, 2026 2.2K 3