ရေဘေးကြုံနေတဲ့ ငါးသိုင်းချောင်းမှာ လှေမှောက်၊ ၃ ဦး သေဆုံး ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ရေဘေးကြုံနေတဲ့ ငါးသိုင်းချောင်းမှာ လှေမှောက်၊ ၃ ဦး သေဆုံး

ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆

ရေကြီးနစ်မြုပ်မှု ခံစားနေရသည့် ငါးသိုင်းချောင်းမြို့နယ်၊ ကျက်ကွင်းရွာအနီးတွင် လှေမှောက်ကာ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီက ထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းက ကျက်ကွင်းရွာအနီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတဦး ရုပ်အလောင်းအား ယင်းနေ့တွင်ပင် ရှာဖွေတွေ့ရှိပြီးနောက် ကျန်နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်း၌ ထပ်မံ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်တွင် လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ် ရေကာတာ ကျိုးပေါက်ပြီးနောက် ရေကြီးနစ်မြုပ်ခဲ့ရာ ၁ လကျော်ကြာသည်အထိ လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအများအပြားရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကျိုးပေါက်ခဲ့သည့် ရေကာတာကိုလည်း ပိတ်ဆို့တားဆီးနိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ- မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭5
September 1, 2026 1.1K 3