ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်… — Tha Din Ga Bar🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 — TG.ME

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်


ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရွန်းသည် ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များနောက်ပိုင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးအဆင့် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး၊ နှစ်နိုင်ငံ သံအမတ်သစ်များ အပြန်အလှန်ခန့်အပ်ပြီးနောက် တစ်လခန့်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
👍7❤4
August 26, 2026 806