စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ၏… — Tha Din Ga Bar🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 — TG.ME

စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်ချုပ် တက်ရောက်စိစစ်ရွေးချယ်

နေပြည်တော်၊ ဩဂုတ် ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့၌ ကျင်းပသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၉) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၉) တို့၏ စစ်လက်ရုံးရွေးချယ်ပွဲများသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့သည်။

အဆိုပါရွေးချယ်ပွဲတွင် ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံမေးမြန်းကာ စာပေပညာ၊ စစ်ပညာ၊ နည်းပညာနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာ ထူးချွန်မှု၊ စည်းကမ်းလိုက်နာမှု၊ ဝါသနာနှင့် စိတ်ပါဝင်စားမှုများအပေါ် မူတည်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် သင့်လျော်သူများကို စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်ချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်းရှိ ဗိုလ်လောင်းစားရိပ်သာ၌ ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
❤4👍3🥰1
August 29, 2026 470