မြေကြမ်း(စ/ဆုံး) °°°°°°°°°°°°°°°° ရေးသားသူ...ဧကန်မင်း ဦးဘမြိုင် အလွန်ပျော်နေသည်။ ကားလမ်း ဘေး မြေနှစ်ဧက အကျယ်ရှိ ခြံကွက်လပ် ကြီးကို အောက်စျေးနှင့်ရလိုက်သည်။ ထို နေရာက ကားလမ်းဆုံနှင့်လည်း နီးသည်။ အဓိကလမ်းမကို မျက်နှာစာပြု၍ စီးပွား ရေးလုပ်လျှင် အလွန်ကောင်းနိုင်သည်ဟု တွက်မိ၍ မြေလွတ်ကြီးကို စုံစမ်းပြီး ရောင်း မည်ဆိုသဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။ ငွေချေမည့်နေ့က အရောင်းအဝယ်တာဝန်ယူ ထားရသည့်လူကြီးများ၊ ရပ်ရွာလူကြီးများနှင့် ရွာ၏ရုံးမှာ ဆုံကြသည်။ ထိုအထဲမှ အသက် ခုနှစ်ဆယ်ခန့်ရှိသော ဦးပြုံးဆိုသည့်လူကြီး က ဦးဘမြိုင်အား... "ငါ့တူက ဦးလေးတို့ရွာမှာ စီးပွားရေးလာလုပ် မယ်ဆိုလို့ ဝမ်းသာပါတယ်။ ရွာနဲ့ကားလမ်း ဘေးမှာ ဆိုင်ကြီးကန္နားကြီး မရှိတော့ ရွာမ စည်ဘူးပေါ့၊ အခုလို ဆိုင်ကြီးလာဖွင့်မယ်ဆို ရင် ရွာလည်း တင့်တယ်လာမယ်၊ အခြား ဆိုင်တွေလည်း လာဖွင့်လာမယ်ဆိုရင် စည် ကားလာမှာ အမှန်ပါပဲ" ထိုစဉ် သက်သေလိုက်ပေးသော လူကြီးတစ် ယောက်က "ငါ့တူ ပိုက်ဆံရှိလို့ စီးပွားရေးလုပ်တော့ ဟုတ်ပါပြီ ဗေဒင်လေး ဘာလေး မေးမြန်း မကြည့်ဘူးလား" "ဗျာ...ဗေဒင်မေးမြန်းကြည့်ရမယ်ဟုတ်လား" "ဒီလိုကွဲ့ ရှေ့ထုံးလည်းမပယ်သင့်တာ မပယ် ရဘူး၊စီးပွားရေးလုပ်တော့မယ်ဆို ဒီမြေ၊ ဒီ နေရာ၊ ဒီဒေသမှာ စီးပွားရေးလုပ်သင့် မလုပ် သင့်၊ အတိုက်အခိုက် ရှိ မရှိ၊ မြေက သင့် လား၊ မသင့်ဘူးလား၊ ခိုက်လား မခိုက်ဘူး လား...ယုံတယ်ဆိုရင် မေးကြည့်သင့်တယ်၊ မယုံဘူးဆိုရင်တော့ မတိုက်တွန်းပါဘူး" "ဘာကြောင့်ပါလဲခင်ဗျာ၊ ဒီမြေကတစ်ခု ခု ဖြစ်နေလို့လား" "ဒီအရောင်းအဝယ်ကိစ္စကလည်း မြေပိုင်ရှင် က အဝေးမှာ ဒီရွာက ဦးတင်ထွန်းကို အပြီး စျေးပြောပြီး လွှဲပေးထားခဲ့တာ၊ ရောင်းရ၊ မရောင်းရ အကြောင်းမဟုတ်ဘူး၊ အရောင်း အဝယ်ဖြစ်ရင် မြေပိုင်ရှင်က ရောင်းရငွေ ယူပြီး ပျောက်သွားမှာ၊ ဝယ်လိုက်တဲ့လူက ဦးလေးတို့နဲ့အတူ ရွာမှာရှိမှာ၊ ဒါကြောင့် ဒီမြေအကြောင်း သိထားပါလျက်နဲ့ တွန်း ပြီးရောင်းလိုက်တယ်လို့ အထင်မခံချင်ဘူး ဦးလေးတို့က အမြဲရင်ဆိုင်ကြုံတွေ့ရမယ့် ငါ့တူကြီးနဲ့ နောင်ဆုံရင် လိပ်ပြာသန့်ချင် တယ်" "ဒီတော့..ကျတော့်ကို ဒီခြံကြီးအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါလား" "အေး...ပြောပြမယ်၊ ဒီခြံကြီးမှာ အဘငယ် စဉ်က မြေပိုင်ရှင် ချစ်တီးကုလားတစ်ယောက် ပိုင်ပဲ၊ သူကြီးခေတ်အထိ လူတွေအပေါ် ကုပ် သွေးစုပ်နေတယ်ပေါ့ကွယ်၊ တစ်ည သူ့မိသား စုကို ဓားမြတွေ အကုန်သတ်သွားတယ်။လူ မရှိတော့တဲ့ အိမ်ကြီးမှာ ချစ်တီးကြီးရဲ့အမျိုး တော်တယ်ဆိုတဲ့ ကုလားကပြားမိသားစုငါး ယောက် လာနေထိုင်ကြတယ် အေး လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဘာကြောင့်မှန်းမသိ ဘူး အိမ်ကြီးမီးလောင်သွားတယ်။ အိမ်ထဲမှာ ရှိတဲ့လူတွေ အကုန်ပါသွားတယ်။ နောက်ပိုင်း မီးလောင်ထားတဲ့အိမ်ကြီးကို ဖျက်လို့ အခြားရွာက သူဌေးတစ်ယောက် ခြံဝယ်ပြီး..စပါးကြိတ်စက် အသေးတစ်လုံး ဆောက်မယ့်အစီအစဉ်နဲ့ အလုပ်သမားတွေ နဲ့ ရောက်လာတယ်။ အဆောက်အဦးဆောက်နေရင်း တစ်ယောက် က ပိုးထိလို့ ၊တစ်ယောက်က တိုင်ထူရင်း တိုင်ပိလို့ နှစ်ယောက်သေသွားတယ်။မကြာ ပါဘူး...အဆောက်ဦးဆောက်မယ့်ပစ္စည်း တွေ လာပြန်သယ်သွားတယ်။ အဲဒီနောက်ပိုင်း လူနှစ်ဦး လက်ပြောင်းလက် လွှဲ ရောင်းဝယ်သေးတယ်။ နောက်ဆုံးပိုင်တဲ့ လူက ဒီရွာက ဦးတင်ထွန်းကို မြေဂရံနဲ့ အ ရောင်းအဝယ်ဖြစ်အောင်တော့ မတိုက်တွန်း ချင်ဘူး၊ အခု လက်မှတ်ထိုးဖို့ပဲ ကျန်တော့ တာ...ငါ့တူ သိထားသင့်လို့ ဦးလေးတို့ပြော ပြတာပဲ" "ကျတော့်ကို အခုလို ပြောပြတဲ့အတွက် ကျေး ဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျတော်က ဒီအယူ အဆတွေ အယုံအကြည်မရှိဘူး" "အေးလေ..စီးပွားရှာတယ်ဆိုတာကလည်း လက်တွန့်နေလို့ မဖြစ်ဘူးမှတ်လား၊ ကြောက် ရင်လွဲ၊ ရဲလျှင်မင်းဖြစ်ဆိုတဲ့စကား ငါ့တူကြီး က လက်ကိုင်ထားတယ်ပေါ့ ငါတူပိုက်ဆံရှိ လို့ကတော့ လုပ်ချင်သလိုသာ စိတ်တိုင်းကျ လုပ်...ဦးတို့ရွာကလည်း စောင့်ရှောက်ပေး မယ်" သို့ဖြင့် ခြံအရောင်းအဝယ်ကိစ္စ ပြီးသွားသည်။ "ဦးလေးတို့ကို ကျနော်အကူအညီတောင်း ချင်ပါတယ်၊ အခုခြံကြီးထဲမှာ ကုက္ကိုပင်ကြီး တွေအပါအဝင် အပင်ကြီး ဆယ်ပင်လောက် ရှိမယ်၊ သရက်ပင်၊ အုန်းပင်နဲ့အပင်သေးတွေ ကလည်း တော်တော်လေး စိုက်ထားတယ်" "ဒါတောင် ဆန်စက်နေရာမှာ သစ်ပင်တွေ ခုတ်လိုက်လို့" "ကျတော်လုပ်ချင်တဲ့ဆန္ဒက တစ်ခြံလုံး ရှင်း ပစ်မှာ၊ မျက်နှာစာထားပြီး ခြံသုံးဘက်လုံး အုတ်နံရံခတ်လိုက်မှာ၊ ဒါကြောင့် သစ်ပင် မှန်သမျှ အမြစ်ကပါ တူးထုတ်ပစ်ချင်တယ်" "ဒီတော့...ဦးတို့ဘာလုပ်ပေးရမလဲ" "ဒီရွာက...သစ်ခုတ်နိုင်တဲ့လူ ငါးယောက်, ခြောက်ယောက်လောက် ပင်တိုင်ရှာပေးပါ၊ လုပ်အားခပေးပါ့မယ်၊ ပြီးတော့ အပင်သေး တွေကို ရွာသားတွေ ထင်းလိုချင်တဲ့လူတွေ အလကားလာခုတ်ယူဖို့ ပြောပေးပါ၊ ခြံထဲ က သစ်ပင်မှန်သမျှ ကုန်သွားဖို့ပဲ" "အေး...တို့ရွာက ချက်ရေးပြုတ်ရေး ထင်း ကိုသုံးနေတာဆိုတော့ မင်းခြံမကြာခင် ပြောင်သလင်းခါသွားစေရမယ်" ဦးဘမြိုင်လည်း ခြံရှင်းရန် လူကြီးများကို တာဝန်ပေးအပ်ပြီး ရန်ကုန်သို့ ပြန်သွားတော့ သည်။ပိုင်ရှင်ဖြစ်သူက ခွင့်ပြုချက်ပေးသွား သဖြင့် ထင်းလိုသူများ၊ အပင်လှဲသူများ၊ အပြောင်ရှင်းစနစ်မျိုးဖြင့် အပင်ခုတ် အမြစ် တူးပြီး စည်ကားနေတော့သည်။ အပင်ကြီးများကိုတော့ လုပ်အားခရှင်းစနစ်နှင့်
မြေကြမ်း(စ/ဆုံး) °°°°°°°°°°°°°°°° ရေးသားသူ...ဧကန်မင်း ဦးဘမြိုင်… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME
August 10, 2023 8.8K 33