"မင်းကို သွားခွင့်မပေးနိုင်ဘူး။ မင်းရဲ့ပညာ ကို ထုတ်ပြမှ သွားခွင့်ပြုမယ်" "တကယ်ပြောတာ ကျုပ် ဘာစုန်းပညာမှ မတတ် ဘူး" "တောက်...စိတ်မရှည်ချင်စရာ ကောင်းလိုက်တာ" "ဟေ့ကောင် သိန်းဖေ၊ မင်းတို့အဘွား ပြောခဲ့တယ် ဆို။ ဒီကောင်လေး စုန်းပညာတတ်တယ် ဟုတ်လား" "အေး...ဟုတ်တယ် စုန်းပညာတတ်တယ်တဲ့ သူ့အဘွားရဲ့ပညာတွေ တစ်ဆက်ခြားပြီး မြေး မှာ ပါလာတယ်တဲ့" "အဲဒီစုန်းမကြီးရဲ့မြေးက ဆိုးပေတစ်ယောက် ထဲရှိတာ။ ဒီကောင် ပညာတွေ ထွက်လာအောင် လုပ်ပြခိုင်းဟေ့" "ဟေ့ကောင်လေး မင်းပညာတွေ လျှိုမထားနဲ့။ ပြစမ်း...ငါတို့ကို" "ခင်ဗျားတို့ ပြောတာတွေ ကျုပ် ဘာမှမသိဘူး။ ဘာပညာမှ ကျုပ်မတတ်ဘူး" "ကဲကြာ" "ခွပ်" "ဟေ့ကောင် သိန်းဖေ မင်းလက်သံ ပြောင်လှ ချည်လား" "ဒါမှ...ဒီကောင် သူ့ပညာထုတ်ပြမှာ" "မင်းကို စုန်းပြုစားမှာ မစိုးရိမ်ဘူးလား" "ဘာလဲ ငါ့ရဲ့အူတွေ အခွေလိုက်ထုတ်ပြမှာလား" "မင်းရဲ့ နှလုံးကို ဖောက်ထုတ်ပြီးပြချင်ပြမှာ" "တကယ်လုပ်ပြရင် မင်းမကြောက်ဘူးလား" "ဟား ဟား ဟား ကျလည်းကျပါ သိန်းဖေရာ" တစ်ယောက်နှင့်တစ်ယောက် အတိုင်အဖောက် ညီစွာ ပြောင်လှောင်ပြောရင်း ဆိုးပေကို ဆောင့် တွန်းလှဲသည်။ကျော်နိုင်က ဘေးတိုက်ဆောင့် ကန်သည်။ "ဘုန်း" "အား...လား...လား...ဟေ့လူတွေ ကျုပ်ကို ဘာ လို့လုပ္တာလဲ" အသက် ဆယ့်ရှစ်နှစ်ဝန်းကျင်ရှိ သိန်းဖေ၊ အောင် လှ၊ မြဝင်း၊ ကျော်နိုင်တို့ လေးယောက် အားမထည့် ဘဲ ဆိုးပေမခံချင်စိတ်ဖြစ်လာအောင် ထိုးကြိတ် ကန်ကျောက်နေကြသည်။ "ဟေ့ကောင်လေးတွေ ဘာလုပ်နေတာလဲ" လယ်ကွင်းမှ ရွာထဲဝင်လာသော ဘိုးသံချောင်း ၏ ခပ်ထန်ထန်မေးလိုက်သံကြောင့် ဆိုးပေကို ကန်ကျောက်နေသော သိန်းဖေတို့ ဆက်မလုပ် ဖြစ်တော့ဘဲ ရပ်လိုက်ကြသည်။ "ဘယ်လိုလဲ ဆိုးပေ ငါတို့ကို စိတ်ဆိုးနေပြီ မဟုတ်လား" "မသိဘူးဗျာ..ဖယ်...ဖယ်...ကျုပ်သွားမယ်" ဖုန်တောထဲ လဲနေရာက ထပြီး ဖုန်များကို ခါ၍ ရွာထဲ ဝင်ရန် ပြင်လိုက်သည်။ "ဟေ့ကောင်တွေ မင်းတို့ မရှက်ဘူးလား မင်းတို့ မွေးရင် မင်းတို့သားလောက်ပဲရှိသေးတယ်။ မင်း တို့ အရက်ဆိုင် သွားမှာမဟုတ်ဘူး သွားကြစမ်း" "ဟာ...ဘကြီးသံချောင်းကလည်း ဒီကောင်လား ကျုပ်တို့သားအရွယ် ဆယ့်သုံးလေးနှစ်ရှိပြီ။ ကျုပ်တို့နဲ့ ဘယ်လောက်ကွာလို့လဲ" "မင်းတို့ မရှက်ဘူးလား မင်းတို့တစ်ယောက် တစ် ယောက်ချင်းတောင် ဒီကောင်လေး ခံလုပ်ရဲပါ့မ လား အရက်ဆိုင်သွားမယ်မဟုတ်လား သွား ကြတော့" "ဘကြီး သိနေတာ ဘာလို့မေးရတာလဲ" "ဟကောင်တွေ သွားစရာရှိတာ သွား။ ဆိုးပေ မင်းလည်း သွားတော့" ဘိုးသံချောင်းက ဒေါ်အုံးတင်အကြောင်းသိ သည်။ ဒေါ်အုံးတင်ယောက်ျား၏ ညီဝမ်းကွဲ တော်သည်။ သို့ကြောင့် ဆိုးပေအကြောင်း လည်း အနည်းအကျဉ်း သိထားသည်။ ဒေါ်ရတီ၏ ပါးစပ်သရမ်းမှုကြောင့် ဆိုးပေမှာ ဝမ်းတွင်းစုန်းပညာ ပါလာနိုင်သည်ကို သိချင် နေကြသော သိန်းဖေတို့အန္တရယ် ရောက်မလာ စေရန် ဦးသံချောင်း ဝင်ထိန်းလိုက်ခြင်းဖြစ် သည်။ ဆိုးပေ ရွာထဲဝင်သွားသလို သိန်းဖေ တို့အုပ်စုကလည်း အရက်ဆိုင်သို့ ထွက်သွား ကြသည်။ ဆိုးပေ အိမ်ရောက်တော့ မိခင်ဒေါ် ပု၏ အဆူကို ခံလိုက်ရသေးသည်။ ကြာတော့ ဆိုးပေ စိတ်ညစ်လာသည်။ အမေက အမြဲတမ်း ဆိုးပေကို အကောင်းမပြော။ လုပ် သမျှ သည်းခံရန်သာ ပြောဆိုဆုံးမနေတတ်သည်။ စိတ်ထဲက ဒီတစ်ကြိမ် သိန်းဖေတို့ သူ့ကို ရန်ပြု လျှင် သူသေ ကိုယ်သေ ပြန်သတ်တော့မည်ဟု ဆုံးဖြတ်ထားသည်။ သို့ကြောင့် လယ်ထဲက အပြန် သိန်းဖေတို့ ရန်ပြု ပါက ပြန်ထိုးကြိတ်ရန် တဲမှ ကြက်သွန်လှီးသည့် ဓားချွန်ကို ဖွတ်ပြီး ယူလာခဲ့သည်။ အစီအစဉ် ချပြီး ယူခဲ့ကာမှ သိန်းဖေတို့ လူစုနှင့် မဆုံ၊ သုံး ရက်ခန့် ညနေပြန်တိုင်း ဓားဆောင်လာပေမယ့် သူတို့ လူစုနှင့် မဆုံ၍ နောက်ပိုင်း ယူမလာတော့။ သိန်းဖေတို့အုပ်စုနှင့် ဆိုးပေ မတွေ့သည်မှာ ငါးရက်ရှိသွားပြီး ခြောက်ရက်မြောက်နေ့မှာ ဆိုးပေ တဲမှ ငါးနာရီခန့် ပြန်လာခဲ့သည်။ ထိုအချိန် တိုက်ဆိုင်စွာ ဆိုးပေရဲ့နောက်မှာ သိန်းဖေ၏ ညီမ တင်တင်နုနှင့် သူ့သူငယ်ချင်း ကြည်ကြည်မာတို့ လယ်ကွင်းမှ ရွာသို့ ပြန် လာကြသည်။အရက်ဆိုင်အလွန် ရွာအဝင် သို့ရောက်စဉ်... "ဟေ့... မိတင်နု။ ဆိုးပေနဲ့ ချိန်းပြီးလာတာလား" "အံမယ်...ကိုကြီးကျော်နိုင်ကလည်း မဟုတ်က ဟုတ်က" "သိပါဘူး အတူတူလာနေတာ တွေ့လို့" "ဟေ့ကောင် ဆိုးပေ ပျောက်ချက်သားကောင်း နေပါလား" "မပျောက်ပါဘူး ဒီလမ်းက မနက်တစ်ခေါက် ညတစ်ခေါက် လျှောက်နေတာ" "နေဦး မင်းကို ငါတို့တွေ့ချင်လို့ စောင့်နေတာကွ သိန်းဖေ၊ မြဝင်းတို့ လာ။ ဒီမှာ မင်းတို့တွေ့ချင် နေတဲ့ ဆိုးပေ" "ဟာ...ခင်ဗျားတို့ ကျုပ်ကိုပဲ အမြဲရန်စနေတယ်" "ရန်မစပါဘူးကွာ မင်းစိတ်ဆိုးအောင်လုပ်တာ" "ကျုပ်စိတ်ဆိုးရင် ခင်ဗျားတို့ ပျောက်တယ် ဟုတ်လား" "ဟုတ်တယ်။ မင်းစိတ်ဆိုးရင် မင်းရဲ့စုန်းပညာ ကို ငါတို့တွေ့ရမှာ" သိန်းဖေနှင့် အောင်လှတို့ အနီး ရောက်လာသည်။ မပြောမဆိုပဲ သိန်းဖေက... "ဖျောင်း" "ဟာ" သိန်းဖေက ဆိုးပေ မျက်နှာကို လက်ဝါးနှင့် ရိုက် လိုက်သည်။ "မင်းတို့...ဘာကြည့်နေတာလဲ ထိုးကွာ ဝိုင်းထိုး" တစ်ယောက်တစ်ချက် ထိုးနေရာ ဆိုးပေ ဖင် ထိုင်လဲကျသွားသည်။ "ကဲကွာ"...."ခွပ်" ဆိုးပေ ခေါင်းကို အောင်လှက ကန်လိုက်သဖြင့် အပေါ်သွားနှင့် အောက်သွား ရိုက်မိပြီး ဆိုးပေ မီးဝင်းဝင်းတောက်မျှ နာကျင်ခံစားလိုက်ရသည်။ ပါးစောင်မှ သွေးများပင် စို့လာသည်။
မင်းကို သွားခွင့်မပေးနိုင်ဘူး။ မင်းရဲ့ပညာ ကို ထုတ်ပြမှ… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME
August 10, 2023 13.1K 12