ဆရာကြီးလည်း ဦးပေသီး ပြောသမျှကို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်လိုက်ပြီး ငွေဖလားတစ်လုံး နှင့် အတူ အင်းချပ်တစ်ချပ်ကို ယူလိုက်လေ၏။ ပြီးနောက် ထိုငွေဖလားထဲတွင် ရေထည့်ကာ စောစောက အင်းချပ်ကိုပါ ထည့်လိုက်ပြီး ဂါထာတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်၏။ ပြီးမှ "စနေသား မောင်ထွန်းသစ် ကို အနှောက်အယှက် ပေးနေတဲ့ ပုဂ္ဂိုလ် ပေါ်စမ်း " ဟု အမိန့်ပေးလိုက်သည် နှင့်တစ်ပြိုင်နက် ဖလားထဲက ရေကြည်များမှာ ချက်ချင်း အနက်ရောင်ပြောင်းသွားသည်ကို ဦးပေသီး တို့ အံ့ဩဖွယ် တွေ့လိုက်ရပါတော့သည်။ တစ်ဖန် ထို အနက်ရောင် ရေပေါ်မှ အမွှေးထူထူ အစွယ်ဖွေးဖွေး ကြီးနှင့် တစ္ဆေကြီး၏ ပုံရိပ်မှ တဖြေးဖြေးပေါ်လွင်ထင်ရှားလာလေတော့၏။ ထိုအခါ ဆရာကြီးလည်း သက်ပြင်းကို တစ်ချက်ချလိုက်ရင်း "ကဲ ... မောင်ပေသီးရေ မင့်သားကတော့ ... မကြာခင် အသက်နှုတ်ခံရတော့မယ် အခုတော့ နောက်မကျသေးဘူး ... ဆေးစွမ်း အထမြောက်အောင် ဆရာကြီးရဲ့ ဆေးလွယ်အိတ် ကို မောင်ပေသီး ပဲ ယူခဲ့လိုက်တော့ " ဟုဆိုကာ ဦးပေသီး၏ အိမ်သို့ ဆရာကြီး ဦးသောင်းရွှေ ကိုယ်တိုင်ကြွလေတော့၏။ ဦးပေသီး၏ အိမ်အရောက်မှာတော့ စောင်ကြမ်းလေးပေါ်တွင် လူးလှိမ့်နေသော ထွန်းသစ်ကို ဆရာကြီး တွေ့လိုက်ရလေ၏။ ဆရာကြီး လည်း ဦးပေသီး၏ ခြံထဲ ခြေချလိုက်သည် နှင့် တစ်ပြိုင်နက် ထွန်းသစ်မှာ ငေါက်ကနဲ ထထိုင်လေတော့သည်။ "မလာနဲ့ ... ထွက်သွား ... ထွက်သွား " ဟု ဆရာကြီးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လေတော့သည်။ ထို့နောက် ဆရာကြီးလည်း ထွန်းသစ်အားကြည့်ကာ ရေသန့်တစ်ခွက်ကို ယူလိုက်တော့သည်။ ထွန်းသစ်မှာတော့ ဆရာကြီးအား စားတော့ဝါးတော့မည့်နှယ် မျက်လုံးရဲကြီးများဖြင့်ကြည့်ရင်း ထွက်သွား ထွက်သွား ဟုသာ တစာစာ အော်နေလေတော့သည်။ ဆရာကြီးလည်း အမွှေးတိုင် ဖယောင်းတိုင်များ ထွန်းကာ ဦးစွာ ဘုရား၀တ်တက်လိုက်သည်။ ပြီးမှ စောစောယူလာသော ရေသန့်ခွက်ကို ဂါထာတစ်ခုအုပ်လိုက်လေ၏။ အဘ ဘိုးမင်းခေါင် ဘိုးတော်ပွင့် ဘိုးဘိုးအောင် စသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကိုလည်း ပင့်ဖိတ်ပြီး ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါး တစ္ဆေကောင်ကြီးကို ထိန်းချုပ်ထားလိုက်တော့သည်။ ပြီးနောက် စောစောက ရေမန်းမန်းထားသော ရေစင်နှင့် တောက်ချလိုက်တော့သည်။ "အား ... ပူတယ် ... ပူတယ် " ထွန်းသစ် မှာ ထိုသို့သော အသံဩကြီးဖြင့် အော်ဟစ်တော့သည်။ ဆရာကြီးလည်း ရေမန်းဖြင့် ထပ်တောက်ကာ "မင်းဘယ်သူလဲ ... ဘယ်ကလဲ ... ဘာလို့ ကလေးကို ဒုက္ခပေးနေရတာလဲ " ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါးကောင်ကြီးမှာ အတော်ခေါင်းမာပုံရ၏။ "မပြောဘူး ... မပြောဘူး " တစ္ဆေကြီး ဘူးခံ ငြင်းလေ ဆရာကြီးမှာ ရေမန်းဖြင့် တောက်လေ လုပ်၏။ အတန်ငယ်ကြာလာတော့ တစ္ဆေကြီးလည်း မကျေနပ်ဘူး မကျေနပ်ဘူး သတ်မယ် သတ်မယ် ဟုသာ အသံဩကြီးဖြင့် အော်လေတော့သည်။ ထိုအခါဆရာကြီးလည်း "မင်းဘာကြောင့် ... ကလေးကို ခုလိုလုပ်ရတာလဲ" "ကျုပ် မကျေနပ်လို့ လုပ်တာ ... " တစ္ဆေကြီး စကားစပြောလာချေပြီ။ "ကလေးက မင်းကို ဘာလုပ်လို့လဲ ..." "သူ ကျုပ်ပိုင်တဲ့ ညောင်ညိုပင်ကြီးမှာ နွားလာကျောင်းတယ် .... ကျုပ်ကို တောင်ကိုင်း မြောက်ကိုင်း ကူးပြခိုင်းတယ် ... ကျုပ် ကူးပြပါတယ် ... ဒါပေမယ့် ညောင်ပင် ဂွဆုံကို ထိုင်ပြပါပြောတော့လည်း ကျုပ်ထိုင်ပြတယ် ... ကျုပ် ထိုင်လိုက်တော့ ဒီကလေးက သရေဂွနဲ့ လှမ်းပစ်တယ် ... သူပစ်လိုက်တဲ့ လောက်စာလုံးက ကျုပ်နဖူးတည့်တည့်ကို မှန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရတယ် ... ဒါကြောင့် မကျေနပ်လို့ ဂုတ်ချိုးဖို့ လိုက်လာတာ" ထိုအခါမှ ဆရာကြီးတို့ ဖြစ်ကြောင်းကုန်စင်ကို ဇာတ်ရည်လည်သွားကာ "ကဲ ... ကလေးဆိုတော့ တစ်ကြိမ်တစ်ခါမှားတာ ခွင့်လွှတ်လိုက်ပါ ... တစ္ဆေကြီး ကျေနပ်အောင် မနက်ဖြန်ကျရင် အမဲသား တစ်ပိဿာနဲ့ တောအရက်တစ်လုံး တိုက်ပါ့မယ် ... ဒီကလေးကိုတော့ ခွင့်လွှတ်ပေးလိုက်ပါ" ထိုအခါ တစ္ဆေကြီး၀င်ပူးနေသော ထွန်းသစ်လည်း ငုတ်တုတ်ထိုင်နေရာမှ ပျော့ခွေလဲကျသွားလေပါတော့၏။ ပြီးနောက် သတိပြန်လည်လာတော့ "သား ... သား ... သက်သာလား " "အဖေ ... ကျုပ်ဘာဖြစ်သွားတာလဲ ..." "သား ဘာမှမဖြစ်ဘူး .... မူးလဲသွားတာ ... ကဲ နားလိုက်အုံး ... အဖေလည်း ဟောဒီက အဘဆရာကြီး တွေကို အိမ်ပြန်ပို့လိုက်အုံးမယ် " ထွန်းသစ်မှာတော့ ဖြစ်ခဲ့သမျှ ဘာကိုမှ မှတ်မိဟန် မတူပေ။ ဦးပေသီးလည်း ဆရာကြီး ဦးသောင်းရွှေ၏ ဆေးလွယ်အိတ်ကလေး ဆွဲကာ အိမ်သို့ လိုက်ပါပို့ဆောင်ပေးလိုက်လေပါတော့သတည်း။ ++++++++++ မနက်ရောက်တော့ ဦးပေသီးလည်း ဈေးထဲမှ အမဲသား တစ်ပိဿာနှင့် တောအရက်တစ်လုံး၀ယ်ကာ ဒေါ်စိန်မြအား ချက်ပြုတ်စေ၏။ ထွန်းသစ်မှာတော့ အိပ်ရာထဲမှ မထနိုင်သေးပေ။ ညနေစောင်းရောက်တော့ ဦးပေသီး နှင့် အတူ ဒေါ်စိန်မြလည်း ထန်းခေါက်တောင်းထဲတွင် အမဲသား ချက်နှင့် တောအရက်ကိုထည့်ကာ ရွာပြင် ကုန်းမြင့်လေးပေါ်က ညောင်ညိုပင်ကြီး ဆီသို့ ထွက်ခဲ့လိုက်တော့သည်။ ညောင်ပင်ကြီးဆီအရောက်မှာတော့ အသင့်ပါလာသော ဌက်ပျောဖက်ပေါ်တွင် အမဲသား ချက်နှင့် တောအရက်ကို အဖုံးဖွင့်ကာ ချထားပေးလိုက်၏။ ပြီးမှ ဦးပေသီးက
ဆရာကြီးလည်း ဦးပေသီး ပြောသမျှကို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME
August 10, 2023 5.6K 11