အရာရာကို ဖြည့်တွေးပေးတတ်တဲ့သူတစ်ယောက်အတွက် သွေးအေးသွားဖို့ဆိုတာ တကယ်တော့ လွယ်ကူပါတယ်။
အရင်ကတော့ သူတို့ရဲ့ ပုံစံ၊ သူတို့ရဲ့ စကားလုံးတွေနောက်ကွယ်က အကြောင်းပြချက်တွေကို ရှာပေးဖို့ ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့တယ်။
"သူ့မှာလည်း အခက်အခဲရှိမှာပါ" ဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ် လိမ်ပြီး ခွင့်လွှတ်ပေးခဲ့မိတာ။
ဒါပေမဲ့ အဲဒီလို ဖြည့်တွေးပေးတိုင်း ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေက တစ်စစီ လျော့ပါးသွားတာကို ကျွန်တော် သတိမထားမိခဲ့ဘူး။
အခုတော့ အဲဒီစက်ဝန်းကို ကျွန်တော်အဆုံးသတ်လိုက်ပြီ။
ဖြည့်တွေးပေးရတာ ပင်ပန်းလာတဲ့အခါမှာ သွေးအေးသွားဖို့က ဘာမှ အားစိုက်စရာမလိုတော့ဘူး။ တစ်ဖက်လူ ဘာဆက်ဖြစ်မလဲ၊ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတဲ့ အတွေးတွေကို ကျွန်တော့်ခေါင်းထဲကနေ အပြီးအပိုင် ထုတ်ပစ်လိုက်တယ်။ အရင်က အရာအားလုံးကို အသေးစိတ်နားလည်ပေးခဲ့တဲ့ စိတ်ကပဲ အခုတော့ ဘာကိုမှ ဂရုမစိုက်တော့တဲ့ အေးစက်ခြင်း ေတွပေးသွားတယ်။
ဒါဟာ ရက်စက်တာ မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ တန်ဖိုးကို မသိတဲ့သူတွေဆီကနေ ကျွန်တော်ရဲ့ နားလည်မှုတွေကို ပြန်ရုပ်သိမ်းလိုက်တာပါ။
အခု ကျွန်တော့်အတွက်တော့ ဘာကိုမှ ထပ်ဖြည့်တွေးပေးစရာ မလိုတော့တဲ့ ဒီအေးစက်မှုကပဲ အငြိမ်းချမ်းဆုံးပါပဲ။







