နှလုံးသားအင်းကွက် (၂၀၂၆)
Ep-1
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဘူလန်အဖြစ် Bint Sireethorn
ဖင်းအဖြစ် Puinoon Warangsiri
GL ပရိသတ်တွေအတွက် ရိုးရိုး Romance တွေ ရိုးအီနေပြီဆိုရင်တော့ အောက်လမ်းပညာ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အချစ်ကို ရောမွှေထားတဲ့ ဝီတီဗီကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ GL series သစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။
ဒီဇာတ်လမ်းလေးကတော့ Star hunter entertainment ရဲ့ တတိယ GL စီးရီးလေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Love senior အတွဲလေးဖြစ်တဲ့ Anda-Lookkaew လည်း ပါဝင်သွားမှာပါ။
ဇာတ်လမ်းအစမှာတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားတတ်ပြီး ယုတ္တိဗေဒကိုသာ ယုံကြည်တဲ့ ရဲမေမလေး တစ်ယောက်ဟာ မထင်မှတ်ဘဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှေးဟောင်းယုံကြည်မှုတွေ၊ ဂါထာမန္တန် အစီအရင်တွေကို လက်ကိုင်ထားတဲ့ ဆရာတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။
တစ်ယောက်က အထောက်အထားနဲ့ ဥပဒေကို ယုံကြည်သူ၊ နောက်တစ်ယောက်က မမြင်ရတဲ့ နာမ်လောကနဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူ... ရေနဲ့မီးလို လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရှေးဟောင်းစာပေတွေ၊ လျှို့ဝှက်သင်္ကေတတွေနဲ့ ပြည့်နှက်နေတဲ့ အမှုကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ...
အမှုက တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကလည်း နောက်ဆုတ်လို့မရအောင် ရစ်ပတ်လာပါတော့တယ်။ တရားခံကို ရှာဖွေရင်း ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့ ဆွဲဆောင်မှုအောက်မှာ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲ။
နာမည်ကြီး ဝတ္ထု "Formidable Eyes" ကို အခြေခံရိုက်ကူးထားပြီး Mystic ဖြစ်တဲ့ အငွေ့အသက်တွေ၊ Occult ပညာရပ်တွေကြားထဲကနေ ပေါက်ဖွားလာမယ့် ဇာတ်လမ်းလေးမို့ Thriller နဲ့ Romance ကို ချိန်သားကိုက် ပေါင်းစပ်ထားတဲ့ Vibe မျိုးကို ခံစားရမှာ အသေအချာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်မာမာ ဆွဲခေါ်သွားမယ့် စီးရီးလေးဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
