အချိန်အကန့်အသတ်ဖြင့် တစ်ခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ကားလေး
Please Come Back, Mister (or)
Come Back Alive (2016)
ဇာတ်လမ်းအညွှန်း
သေရွာကနေ လူ့လောကထဲကို
အချိန်အကန့်အသတ်ဖြင့် တစ်ခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ အကြောင်းကို အခြေခံထားတာပါ။
Lee Hae-joon (Rain) ဟာ
ရုပ်ရည်ချောမောပြီး အပြစ်ပြောစရာမရှိတဲ့ လူတစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကို Sunjin ကုန်တိုက်မှာ Section chiefဖြင့် အလုပ်လုပ်ရင်း
သေဆုံးသွားခဲ့တဲ့ Kim Young-soo (Kim In-kwon) ရဲ့ ဝိညဉ်က ဝင်ရောက်အပိုင်စီးခဲ့ပါတယ်။
Han Hong-nan (Oh Yeon-seo)က လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ သူမရဲ့ခန္ဓာကိုယ်ထဲမှာတော့ Han Gi-tak (Kim Soo-ro)ရဲ့ ဝိညဉ်က ဝင်ရောက်နေပါတယ်။
Shin Da-hye (Lee Min-jung)က Kim Young-soo,ရဲ့ ချောမောလှပတဲ့ မိန်းမဖြစ်ပြီး သူမရဲ့ ခင်ပွန်းဟာ ရုတ်တရတ်သေဆုံးသွားခဲ့ရတာပါ။
နောက်ပိုင်းမှာ သူမ နဲ့ Lee Hae-joon (Rain), ပြီးတော့ ကုန်တိုက်ဝန်ထမ်း(Yoon Park) တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို
ကြည့်ရှုရမှာပါ။
Kim Young-soo နဲ့ Han Gi-tak ဟာ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ လူ့ဘဝတုန်းက ကိစ္စတွေကို လုပ်ဆောင်ဖို့အတွက် အချိန်ခဏတာသာ တခြားသူရဲ့ ခန္ဓာကိုယ်ကို အဌားယူထားရပြီး
စည်းကမ်း ၃ခုကို ဖောက်ဖျက်လို့ မရပါဘူး။
၁. သူတို့ရဲ့ သရုပ်အမှန်ကို ပြောပြလို့အရပါဘူး။
၂. လက်စားချေလို့မရပါဘူး။
၃. လူသားရဲ့ လူမှု့ကိစ္စတွေမှာ
ဝင်ရောက်စွက်ဖက်ခြင်းမပြရပါဘူး။
အကယ်၍သာ ဒီစည်းမျည်းများကို ဖောက်ဖျက်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်များနှင့် ကြုံတွေ့ရမှာပါ။
ဒီဇာတ်လမ်းတွဲထဲမှာ Kim Tae-hee ရဲ့ ယောက်ျားRain နှင့် Lee Byung-hun ရဲ့ ဇနီး Lee Min-jeong တို့ ပါဝင်ထားတာကြောင့် လူပြောများခဲ့ပါတယ်
အောက်ကလင့်ကိုအရင်joinပါ
ပြီးရင်ဒါဒါကိုနိုပ့်ပါ

