"အသက်တစ်ရက် ပိုရှင်သန်ခွင့်ရဖိုအတွက် သင်မြတ်နိုးရတဲ့အရာတစ်ခုကို ထာဝရပျောက်ကွယ်သွားအောင် လုပ်ရမယ်ဆိုရင်..."
J-Drama ဖန်တွေ၊ မျက်ရည်ချူမဲ့ ကားကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် ၂၀၁၆ ခုနှစ် မေလ ၁၄ ရက်နေ့က ဂျပန်မှာ ထွက်ရှိခဲ့တဲ့ Fantasy/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးမှာ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ကျွန်တော်တိုရဲ့ အချစ်တော် Kenshin မင်းသား Takeru Satoh နဲ့ မင်းသမီးချော Aoi Miyazaki တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့...
ကြောင်လေးတစ်ကောင်နဲ့အတူ အထီးကျန်စွာ နေထိုင်နေတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့မှာ သေဆုံးဖို အချိန်သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ အဲဒီလို မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ မကောင်းဆိုးဝါး (Devil) ရောက်လာပြီး ကမ်းလှမ်းမှုတစ်ခု လုပ်လာပါတယ်။
အဲဒါကတော့ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို စတေးပြီး လုံးဝဆုံးရှုံးခံနိုင်ရင် သူ့ရဲ့ကိုယ်ပိုင်အသက်ကို ထပ်ပြီး သက်တမ်းတိုး ရှင်သန်ခွင့်ပေးမယ် ဆိုတာပါပဲ။
အသက်ရှင်ချင်တဲ့ဆန္ဒကြောင့် သူဟာ ဖုန်းတွေ၊ ရုပ်ရှင်တွေ၊ နာရီတွေကို တစ်ခုပြီးတစ်ခု စတေးလာခဲ့တယ်။ ဒါပေမဲ့ ပြဿနာက အရာဝတ္ထုတွေ ပျောက်ကွယ်သွားတာနဲ့အတူ အဲဒီအရာတွေနဲ့ ဆက်စပ်နေတဲ့ သူ့ရဲ့ အချစ်တွေ၊ သူငယ်ချင်း သံယောဇဉ်တွေ၊ အတိတ်က အမှတ်တရတွေပါ တစ်ပါတည်း ပျောက်ကွယ်သွားရတဲ့အခါ...
နောက်ဆုံးမှာတော့... သူအချစ်ရဆုံး ကြောင်လေးတွေကိုပါ လောကကြီးထဲကနေ ပျောက်ကွယ်သွားအောင် လုပ်ပြီး အသက်ဆက်ရှင်မလား။ ဒါမှမဟုတ် သေခြင်းတရားကိုပဲ ရင်ဆိုင်မလားဆိုတာ ရင်နင့်ဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။
လူ့ဘဝရဲ့ တန်ဖိုး၊ အမှတ်တရတွေရဲ့ အရေးပါမှုနဲ့ ကိုယ်ချစ်ရတဲ့သူတွေအပေါ် ထားရှိတဲ့ သံယောဇဉ်တွေကို သိမ်သိမ်မွေ့မွေ့လေးနဲ့ ရင်ထဲရောက်အောင် ရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်လို၊ တစ်ရှူးလေးဆောင်ပြီးတော့မှ ရှုစားကြည့်ဖို တိုက်တွန်းလိုက်ရပါတယ်ဗျာ။
ကြည့်ရန်နိုပ့်ပါ








