U Kyaw Myo Naing- Effortless English: post #2198 — TG.ME

Forwarded fromSASaw Kyaw Myo Naing
Ladies and gentlemen
ကလေးများအားလုံး နွေရာသီ အဂ်လိပ်စာသင်တန်းကို (၃) လတိုင်တိုင်
ကြိုးစားတက်ရောက်ပေးခဲ့ကြလို့ အတန်းလေးသည် အောင်မြင်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။
သင်တန်းကာလအတွင်း ကြိုးကြိုးစားစား၊ နိုးနိုးကြားကြားနဲ့ ကြိုးစားလေ့ကျင့်ကြသည်များကို တွေ့မြင်ခဲ့ရပြီး တက်‌တက်ကြွကြွဖြင့် သင်ယူလေ့လာပေးခဲ့ကြလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

နွေရာသီ၌ ဆုံတွေခဲ့ကြသော တွေ့ဆုံခြင်းသည် မိုးဦးကျ ဝဿန်ရာသီဦးဝယ်
ကျောင်းတက်ခေါင်းလောင်းထိုးသံနှင့်အတူ ခွဲခွာကြရပေဦးမည်။

ဆရာ၏ အတန်းကို တက်ကြွစွာ တက်၍ လေ့ကျင့်ခဲ့ကြသလို ကျောင်းပြန်တက်သည့်အခါ ကျောင်းစာများကို ကြိုးစားလေ့လာကြပါ။

နွေရာသီ၌ ကြားခဲ့ရသော
“အစာမစားလျှင် ရုပ်ခန္ဓာသေမည်။ စာမဖတ်လျှင် အတွေအခေါ် သေမည်။ အတွေးအခေါ်သေလျှင် တိရိစ္ဆာန်နှင့် ခြားနားမည် မဟုတ်။” ဆိုသော စကားလေးကို အမြဲ သတိရပြီး ဘဝအတွက် စာပေလေးတွေ ဖတ်ကြပါ။ နှလုံးသား လှဖို့အတွက် စာအုပ်လေးတွေ ဝယ်ပြီး ဖတ်ကြပါ။ ဗဟုသုတများ စုဆောင်းကြပါ။ လူပြီသသော ကလေးများ ဖြစ်အောင် ကြိုးစားကြပါ။ ရိုးသားသော သူများ ဖြစ်အောင် ကျင့်ကြံကြပါ။ ကျန်းမာရေးကောင်းသော သူများဖြစ်အောင် နေထိုင်ကြပါလို့ ဆရာ မှာချင်ပါတယ်။

ကျန်းမာပျော်ရွှင်သော ကလေးများ ဖြစ်ကြပါစေ။
💪💪💪💪💪💪❤️
❤14👍2
May 29, 2026 1.8K 1